နိုဝင်ဘာ ၁၆ ရက်နေ့ တိုက်ပွဲသတင်းပေါင်းချုပ်

နိုဝင်ဘာလ ၁၆ ရက်နေ့အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်စဉ်များ-

၁။ ကယားပြည်နယ်၊ လွိုင်ကော်လေယာဉ်ကွင်းအနီး မော်တော်ယာဉ်အား KNPP/KNDF နှင့် PDF ပူးပေါင်း ၁၅ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် (၀၉၄၀-၁၀၃၀) နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရ။

၂။ ကယားပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်သို့ KNPP/KNDF နှင့် PDF ပူးပေါင်း ၈၀ ဦးခန့်က ၀၆၀၀-၀၇၁၅ နာရီတွင် ၁ ကြိမ်၊ အင်အား ၂၂၀ ဦးခန့်က (၁၆၄၅-၁၈၃၀) နာရီတွင် ၁ ကြိမ်၊ (၁၉၂၀-၂၂၃၀) နာရီတွင် ၁ ကြိမ် ပေါင်း ၃ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နှစ်ဖက်အဖွဲ့များမှ ထိခိုက်ကျဆုံးမှုများမသိရှိရသေးပါ။

၃။ ကယားပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်သို့ သွားရောက်စစ်ကူပေးသည့် တပ်မတော်စစ်ကြောင်းအား လမ်းခုလတ်၌ KNPP/KNDF နှင့် PDF ပူးပေါင်းအဖွဲ့ ၅၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် (၁၆ ရက်နေ့၂၃၀၀ မှ ၁၇ ရက်နေ့ ၀၂၀၀ နာရီထိ) တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရ။

၄။ တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ဝါးရစ်(ဗမာ)ကျေးရွာအဝင်၌ လုံခြုံရေးတပ်ဖွဲ့+ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ နှင့် PDF ၄၀ ဦးခန့်တို့တိုက်ပွဲဖြစ်ပွားခဲ့ရာ (၁၂၁၅-၁၂၄၀) နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး (PDF ၄ လောင်း၊ AR-15 သေနတ် ၂ လက်၊ ကျည် ၁၁၀ တောင့်၊ ကျည်အိမ် ၃ ခု) သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။

၅။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ထရွန်အိုင်စခန်းသို့ နေရာ ၂ နေရာမှ AA သောင်းကျန်းသူ ၂၅၀ ဦးခန့်က (၀၇၂၀-၀၇၄၅) နာရီတွင် ၁ ကြိမ်၊ (၁၁၄၅-၁၁၅၀) နာရီတွင် ၁ ကြိမ်၊ (၂၀၅၀-၂၂၁၅)နာရီတွင် ၁ ကြိမ်၊ ပေါင်း ၃ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရ။

၆။ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မဈေးမှ ဈေးဝယ်ပြီးပြန်လာသည့် စစ်သည်+ပြည်သူ့စစ် ထုတ်နုတ်အဖွဲ့အား PDF ၁၅ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ၁၂၅၀ -၁၃၀၀ နာရီကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး PDF ၁ လောင်း၊ ကျည်အိမ် ၁ ခု၊ လမ်းလျှောက်စကားပြောစက် ၂ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။

၇။ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းရှိ ရွှေလှန် ပြည်သူ့စစ်စခန်းသို့ အင်အားဖြည့်တင်းပြီး ထွက်ခွာလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်+ပြည်သူ့စစ် ထုတ်နုတ်အဖွဲ့အား PDF ၃၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် (၁၄၃၀ – ၁၄၅၀) နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရ။

၈။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ပတ်လည်အင်းကျေးရွာအနီး၌ လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား နေရာ ၄ နေရာမှ PDF ၁၀၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ၀၆၀၅-၀၉၀၀ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ၇ လောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။

၉။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ကင်းရွာအနီး တပ်မတော်စစ်ကြောင်းနှင့် TNLA+PDF ပူးပေါင်း ၆၀ ဦးခန့်တို့ (၁၇၀၀-၁၇၄၅) နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ၁ လောင်း၊ Type-81 ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည်၁၄ တောင့်သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။