နိုင်ငံတကာအဆင့်မီဆင်ပြတိုက် ရန်ကုန်တိရစ္ဆာန် ဥယျာဉ်တွင် ဖွင့်လှစ်

မြန်မာ့ပထမဦးဆုံး နိုင်ငံတကာအဆင့်မီဆင်ပြတိုက် ကို ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်တွင် ဖွင့်ထားကြောင်း အဆိုပါ ဥယျာဉ်က ထုတ်ပြန်လိုက်ပါတယ်။

အာရှဆင်တွေရဲ့ ပျံ့နှံ့ကျက်စားရာ ဒေသအလေ့အထတွေနဲ့ မြန်မာနိုင်ငံတွင်း တောဆင်ရိုင်းများ ပျံ့နှံ့ကျက်စားပုံ အမူအကျင့်များနဲ့ ဆင်ကလေးများရဲ့ ခေတ်အဆက်ဆက် သမိုင်းကြောင်းနဲ့ အသေးစိတ်များကိုစိတ်ဝင်စားဖွယ့်လေ့လာကြည့်ရှုဖို့ ရည်ရွယ်တယ်လို့ဆိုပါတယ်။