ဒုတိယ သမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ ကျန်းမာရေးကြောင့် အနားယူ

၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၃ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ကာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည့် ဒုတိယ သမ္မတ (၂) ဦးဟင်နရီဗန်ထီးယူသည် ကျန်းမာရေးကြောင့် အနားယူသွားကြောင်း တပ်မတော်မှသတင်းထုတ်ပြန်သည်။

NLD ပါတီ၏ ​၂၀၂၀ ရွေးကောက်ပွဲမသမာမှု မဲလိမ်မဲခိုးမှု၊ အဂတိလိုက်စားမှုတွေကိုကျူးလွန်ခဲ့တဲ့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဖြစ်သူ ဦးဝင်းမြင့်တို့ အပြစ်ဒဏ်ခံစားနေရချိန်တွင် ဦးဟင်နရီဗန်ထီးယူမှာ ဒုတိယသမ္မတ အဖြစ် ဆက်ရှိနေခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၆ လတစ်ကြိမ်ပြုလုပ်သည့် ကာလုံအစည်းအဝေး အကြိမ်အနည်းငယ်သာပျက်ကွက်ခဲ့သော်လည်း တက်ရောက်သည့်အကြိမ်တိုင်းတွင် ဆွေးနွေးမှုများရှိကြောင်း ထုတ်ပြန်ချက်များ၌ တွေ့ရသည်။

ဧပြီလ ၂၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အား ကျန်းမာရေးအရ တာဝန်မှ အနားယူခွင့်ပြုလိုက်သည်။

Crd-PAN