ဒါလား ULA/AA တရားစီရင်ရေး

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်‌နေ့က မုဒိမ်းကျင့်သတ်ဖြတ်ခံခဲ့ရတဲ့ ရသေ့တောင်မြိုနယ်က ကျောင်းဆရာမတစ်ဦးဖြစ်သူ ဒေါ်နှင်းယုနွယ်ရဲ့ အမှုကို ကိုင်တွယ်နေတဲ့ ULA/AA က သူတိုဖမ်းဆီးထားတဲ့ သံသယတရားခံ တစ်ဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို ခိုင်သုခရဲ့ ပြောဆိုမှုကို လူမှုကွန်ရက်သတင်း‌တွေမှာ ဖော်ပြလာတာကို တွေ့ရပါတယ်။

ခိုင်သုခ ပြောဆိုချက်မှာ “သံသယတရားခံမိုလို တင်းတင်းကြပ်ကြပ် ချုပ်နှောင်ထားမှုမရှိတဲ့အချိန်မှာ ထွက်ပြေးသွားတာ”လို ဆိုထားပါတယ်။

ဒီအချက်ကို ပြန်စဉ်းစားကြည့်မယ်ဆိုရင် မြောက်ဦးမြိုက ဦးမောင်ကြီးလှကိုလည်း ULA/AA တရားစီရင်ရေးအဖွဲက သံသယတရားခံအနေနဲ့ ဖမ်းဆီးစစ်ဆေးလိုက်တာ ဦးမောင်ကြီးလှ သေဆုံးတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

‌ထွက်ပြေးလွတ်မြောက်သွားတဲ့ မော‌င်မောင်အေးလည်း သံသယတရားခံ၊ ဖမ်းဆီးနှိပ်စက်ခံခဲ့ရတဲ့ ဦးမောင်ကြီးလှလည်း သံသယတရားခံပါ၊ ရွှေဥ ဥပေးနေတဲ့ ULA/AA ဆက်ကြေးကောက်ခံရေးအဖွဲဝင် မောင်မောင်အေးက လွှတ်မြောက်သွားပြီး ဦးမောင်ကြီးလှ အလှည့်တုန်းက သေဆုံးတဲ့အထိ ရိုက်နှိက်စစ်ဆေးခဲ့တာ ULA/AA ရဲ့ တရားစီရင်ရေးလား။

မနှစ်က စစ်တွေမှာဖြစ်ခဲ့တဲ့ မနွယ်သန္တာဝင်းအမှုမှာလည်း ဆိုင်မန်‌နေဂျာကို ရိုက်နှိက်စစ်ဆေး အတင်းအကြပ်ဝန်ခံခိုင်းပြီး ပြည်သူတွေရဲ့အသံတွေကို ULA/AA တရားစီရင်ရေးအဖွဲက နှစ်သိမ့်ခဲ့တယ်၊ ULA/AA ရဲ့ တရားစီရင်ရေးက ဒါမျိုးပဲလားဗျာ ….အခုလည်း ဒီလိုပုံစံ‌တွေပါပဲဗျာ..။