ထိုင်းနိုင်ငံမှာ Facebook ကို ပိတ်ပင်ဖို့ စတင်ပြင်ဆင်နေ

ထိုင်းနိုင်ငံရဲ့ ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ လူမှုအဖွဲ့အစည်း (DES) ဝန်ကြီးဌာနဟာ အခုလအတွင်း Facebook ကို နိုင်ငံအတွင်းမှာပိတ်ပြစ်ဖို့ ရာဇဝတ်မှုဆိုင်ရာ တရားရုံးအမိန့်တစ်ရပ်ကို တောင်းဆိုမှာဖြစ်ပြီး Facebook ပလက်ဖောင်းဟာ လူတွေကို လိမ်လည်လှည့်ဖြားနေသူတွေနဲ့ ကြံရာပါဖြစ်နေတယ်လို့လည်း စွပ်စွဲထားပါတယ်။

ဝန်ကြီးဌာနဟာ လိမ်လည်သူတွေနဲ့ Facebook တို့ကို စွဲချက်တင်ဖို့အတွက် ကွန်ပြူတာရာဇ၀တ်မှုဥပဒေကို ကိုးကားမှာဖြစ်ပြီး ဝန်ကြီးဌာနနဲ့ ဆက်စပ်အေဂျင်စီတွေဟာ Facebook ပေါ်က လိမ်လည်မှုတွေကို အရေးယူပေးဖို့ နှစ်ပေါင်းများစွာပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုခဲ့ပေမဲ့လည်း Facebook က လိမ်လည်သူတွေရဲ့ ကြော်ငြာစာမျက်နှာတွေကို ကူညီစစ်ဆေးဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

CRD;