တောင်ကြီးမြို၌ ၂၀၂၃ ခုနှစ်(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲများ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနား ကျင်းပပြုလုပ်မှု

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက် ၀၉၀၀ ချိန်မှ ၀၉၂၅ ချိန်ထိ တောင်ကြီးမြို၊ သစ်တောရပ်ကွက်၊ သပြေလမ်းရှိ မြိုတော်ခန်းမ၌ ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲများချီးမြှင့် အပ်နှင်းခြင်း အခမ်း အနား ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် တိုင်းမှူး ဗိုလ်ချုပ် လှမိုးတိုက သီရိပျံချီဂုဏ်ထူးဆောင်ဘွဲရရှိသူ ဦးထွန်းမြင့် ကိုယ်စား မြေးဖြစ်သူ ဦးတင်မြင့်လှိင်နှင့် ဝ အမျိုးသားပါတီ ဥက္ကဌ ဦးခွန်ထွန်းလူ(ခေါ်) ဦးဒီကီး ကိုယ်စားသားဖြစ်သူ ဦးခွန်စောမင်းခေါင်တိုအား လည်းကောင်း၊ ၀ဏ္ဏကျော်ထင် ဂုဏ်ထူးဆောင်ဘွဲရရှိသူ RCSS/SSA အဖွဲ ဥက္ကဌ ဦးယွက်စစ် ကိုယ် စား ဦးစိုင်းရှောင်းဟန်နှင့် ဦးကေဗရံပျံ ကိုယ်စား ဇနီးဖြစ်သူ ဒေါ်အယ်နီတိုအားလည်းကောင်း၊ အလင်္ကာ ကျော်စွာ ဂုဏ်ထူးဆောင်ဘွဲ ရရှိသူ စာရေးဆရာ ဦးသန်းထွန်း အား လည်းကောင်း အသီးသီး ဂုဏ်ထူး ဆောင်ဘွဲများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း၊ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် လှမိုးနှင့် တာဝန်ရှိသူများက ဂုဏ်ထူးဆောင်ဘွဲရရှိသူများနှင့် စုပေါင်း၍ အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကာ အခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။