နောက်ဆုံးရ မနက်ခင်း သတင်းတိုများ

ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ ရီးရဲလ်ဘတ်တစ်နဲ့ ဘာစီလိုနာတို့ရဲ့ စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရပြီး ဘာစီလိုနာအသင်းကသာ ဖိုင်နယ်အဆင့်ကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။

အေစီမီလန် အသင်းကွင်းလယ်ကစားသမား ဘန်နက်ဆာဟာ ၂၀၂၇ ခုနှစ်အထိ အသင်းနဲ့ ကာလရှည် စာချုပ်သစ် ထပ်မံချုပ်ဆိုနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းနည်းပြ ပေါ်တာကတော့ ဖီးလစ်ရဲ့ ခြေစွမ်းတွေအပေါ် အားရခဲ့ပေမယ့် အနီကဒ်ကြောင့် အတော်လေး စိတ်ပျက်ခဲ့ရကြောင်း ပွဲအပြီး ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

ဘိုင်ယန် အသင်းနည်းပြ နစ်ဂယ်စမန်းကတော့ ၎င်းတို့အသင်းအနေနဲ့ ဂိုးသမားသစ် ရှာဖွေဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း အသင်းဘုတ်အဖွဲ့ကို သတိပေး ပြောဆိုသွားခဲ့ပါတယ်။

နယူးကာဆယ် ကွင်းလယ်ကစားသမား ဂျိုလင်တန် တစ်ယောက် အရက်သောက်ပြီး ကားမောင်းခဲ့တာကြောင့် ဒဏ်ရိုက်ခံခဲ့ရကြောင်း သတင်းရရှိပါတယ်။

၂၀၂၂ ခုနှစ်အတွက် ချီးမြင့်မယ့် အကောင်းဆုံး နည်းပြ ၅ ယောက်စာရင်းထဲ အာဂျင်နည်းပြ စကာလိုနီ၊ ပြင်သစ်နည်းပြ ဒမ်ချမ့် တု့ိအပြင် အန်ဆယ်လော့တီ၊ ဂွာဒီယိုလာနဲ့ မိုရိုကို နည်းပြ ရီဂရာဂူတို့ ပါဝင်လာခဲ့ကြောင်း သတင်းရရှိပါတယ်။

ဒ့ါအပြင် အကောင်းဆုံး ကစားသမားစာရင်းမှာလည်း ဘတ်ပေ၊ မက်ဆီတို့ ဆက်လက်ဦးဆောင်နေပြီး ဘာလင်ဟမ်၊ အလာဗက်ဇ်၊ တို့လို သွေးသစ် ကစားသမားတွေအပြင် ဟာလန်း၊ နေမာ၊ ဒီဘရိုင်း၊ ဘင်ဇီမာတို့လည်း ဆက်လက်ပါဝင်လာခဲ့ကြောင်း သတင်းရရှိပါတယ်။

Credit