B.Tech ဘွဲ့ သင်တန်းများ၊ ဘွဲ့လွန်သင်တန်းများအားလုံး နိုဝင်ဘာ (၁၆) ရက် စတင်ကျောင်းအပ်နှံနိုင်ပြီ

အစိုးရနည်းပညာ ကောလိပ်များ၏ B.Tech ဘွဲ့ သင်တန်းများ၊ နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျူတာ တက္ကသိုလ်များ၏ ဘွဲ့ ကြို၊ ဘွဲ့ လွန်သင်တန်းများအားလုံး နိုဝင်ဘာ (၁၆) ရက်မှ စတင်၍ ကျောင်းအပ် လက်ခံပေးသွားမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ အပြင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရ နည်းပညာ ကောလိပ်များ၏ B.Tech ဘွဲ့ သင်တန်းများအားလုံး ကျောင်းအပ်နှံခြင်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ (၁၆)ရက်မှ စတင်လက်ခံပေးသွားမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။