တောင်ကြီးမြို့တွင် ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကျင်းပ

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဗိုလ်ချုပ်လမ်း အထက (၂)ရှိ ပညာ အလင်္ကာခန်းမဆောင်၌ ဧပြီလ ၁၉ ရက်နေ့ နံနက် ၉ နာရီတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကျင်းပပြိုင်ပွဲအား ပြုလုပ်ခဲ့ရာအဆိုပါပြိုင်ပွဲသို့ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် အစိုးရတာဝန်ရှိသူများတက်ရောက်ခဲ့ပြီးအထက(၂)ကျောင်းအုပ် ဆရာကြီး နှင့် ဆရာ/ဆရာမများမှ ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့်မူလတန်း၊အလယ်တန်း၊အထက်တန်းကျောင်းများမှ ပြိုင်ပွဲဝင်ကျောင်းသား/သူ ကျား ၄၂ ဦး၊ မ ၆၄ ဦး၊ ကာတွန်းပြိုင်ပွဲဝင်ကျား ၁၈ ဦး၊ မ ၁၁ ဦး၊ ပိုစတာ ပြိုင်ပွဲဝင် ကျား ၁၁ ဦး၊ မ ၁၈ ဦး၊ စုစုပေါင်း ၁၆၄ ဦးတို့မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရပါတယ်။

crd;