တရုတ်အမျိုးသားရဲ့ မင်္ဂလာဆောင်မှာ ရည်းစားဟောင်းမိန်းကလေးတွေ လာရောက် ဆန္ဒပြပြီး မင်္ဂလာပွဲဖျက်ဆီး

တရုတ်နိုင်ငံက သတို့သားအမျိုးသားတစ်ယောက်ကတော့ တရုတ်ဆိုရှယ်နဲ့ လူမှုကွန်ရက်မှာ ရေ ပန်းစားနေတဲ့ ဇာတ်လမ်းထဲက ကံဆိုးသူ ဇာတ်လိုက်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ မင်္ဂလာဆောင် မှာ မမျှော်လင့်ထားတဲ့အဖြစ်အပျက်ကြောင့် သတို့သား အမျိုးသားက အကြီးအကျယ် ရှော့ခ်ရသွား တဲ့ အထိ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

ရည်းစားဟောင်း မိန်းကလေးတွေများစွာက သူတို့ရဲ့ ရည်းစား ဟောင်းကအမျိုးသမီးတွေ အပေါ်ပြုမူ ဆက်ဆံခဲ့တာကို ကန့်ကွက် ဆန္ဒပြတဲ့ အနေနဲ့ ရည်းစား ဟောင်းရဲ့မင်္ဂလာပွဲကို ဖျက်ဆီးပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှု စာတမ်းတွေ ကိုင်ဆောင်ကာ စုဝေး ရောက်ရှိလာခဲ့ကြပါတယ်။

တရုတ်အနောက်တောင်ပိုင်း ယူနန်ပြည်နယ်က ချန်လို့ ခေါ်တဲ့ သတို့သားဟာ “ ငါတို့အား လုံးက ချန်ရဲ့ ရည်းစားဟောင်းအဖွဲ့ပါ။ ဒီနေ့ ရှင့်ကို ဖျက်ဆီးပစ်မယ်” ဆိုတဲ့ စာတမ်းနဲ့ ဆိုင်းဘုတ်ကြီးတွေ ကိုင်ဆောင်ထားတဲ့ အမျိုးသမီးအုပ်စုက မင်္ဂလာဆောင်ကို ချီတက်လာ ခဲ့ကြလို့ တုန်လှုပ်ခြောက် ခြားသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ မင်္ဂလာပွဲ ဗွီဒီယိုတစ်ခုမှာတော့ အနီရောင်ဆိုင်းဘုတ်ကြီး ကိုင် ဆောင်ပြီး မင်္ဂလာခန်းမ အပြင်ဘက် လမ်းမပေါ် အမျိုးသမီးတွေ အုပ်စုလိုက် စီတန်းစုဖွဲ့ နေခဲ့ကြ တာကို တွေ့ရပါတယ်။ သူတို့ရဲ့ ဆန္ဒပြပွဲဟာ ဧည့်သည်တချို့ရဲ့ အာရုံစိုက်မှုကို ရခဲ့ပါတယ်။