တရားမဝင်ပစ္စည်းများသိမ်းဆည်းရမိ

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၈ ရက်တွင် ကချင် ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် တာဝန်ကျပူး ပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မိုး ကောင်းမြို့နယ် နမ္မတီးမြို့ ကံလှလမ်းဆုံ၌ ယာဉ်ငါးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်
အထားတင်ပြနိုင်ခြင်းမရှိသည့် သလင်းကျောက်တန် ၁၃၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄,၆၀၀,၀၀၀)နှင့် အဆို ပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck ငါးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀,၀၀၀,၀၀၀) စုစုပေါင်း ခန့် မှန်းတန်ဖိုးငွေကျပ် ၂၀၄,၆၀၀,၀၀၀ ကို သိမ်း ဆည်းရမိခဲ့ပြီး မြန်မာ့ကျောက်မျက်ရတနာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

      ထို့ပြင် နိုဝင်ဘာ ၂၉ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက ကျားကလေး-ဇာသပြင်-မော်လမြိုင်လမ်းပိုင်း၌ ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမှ မော်လမြိုင်သို့ မောင်းနှင်လာသော ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် Seiberling ကားတာယာ (Used)အလုံး ၂၀၀၊ Quick ခေါက်ဆွဲခြောက်ဘူး ၂၄၀၊ Triangle အသင့်စား ငါး သေတ္တာဘူး ၄၀၀၀၊ ပုဇွန်နှစ်ကောင် စားအုန်းဆီ တစ်လီတာပါဘူး၂၄၀၀၊ MD လမုန့်ဘူး ၆၀၀ အပါ အဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၆၁၄,၀၀၀)၊ အဆိုပါပစ္စည်းများ တင် ဆောင်လာသည့် Nissan Condor တစ်စီးနှင့် Toyota Dyna တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂,၀၀၀,၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄,၆၁၄,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက် ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

      ထို့အတူ နိုဝင်ဘာ ၂၉ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ မြဝတီမှ ရန်ကုန်သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် Vaseline Lotion ဘူး ၉၉၀၊ Combo Touch Glass (ဖုန်းမှန်)အခု ၂၅၀၀ အပါအဝင် ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်း
တန်ဖိုးငွေကျပ် ၄၆၇၄၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆,၇၄၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ
အရေးယူဆောင်ရွက်လျက်ရှိသည်။

      ထို့အတူ နိုဝင်ဘာ၂၉ရက်တွင် ရှမ်းပြည်နယ်တရား မဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့ကစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရပ်စောက်မြို့ မင်းကြီးသုံးပါး ပူး ပေါင်းစစ်ဆေးရေးဂိတ်၌ လား ရှိုး – သီပေါ – နမ့်လမ် – နောင်ဝိုး – ကျောက်ဂူ – အင်တော – ရပ်စောက် လမ်း ကြောင်းအတိုင်း မောင်းနှင်လာသော ယာဉ်နှစ်စီးပေါ်မှ သွင်းကုန်လိုင်စင်နှင့် သွင်းကုန်ကြေညာလွှာများ တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထွက် ကြက်သွန် ဖြူ ၁၀၈၄၂ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆,၅၀၈,၆၉၀)နှင့် အဆိုပါပစ္စည်းများ တင် ဆောင်လာသည့် Nissan Condor တစ်စီးနှင့် Nissan Caravanတစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂,၀၀၀,၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၈,၅၀၈,၆၉၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

      ထို့ပြင် နိုဝင်ဘာ ၂၉ ရက်တွင် အကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် မြန်မာ့စက်မှုဆိပ် ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေ ညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Hitecဒစ်ဂျစ်တယ်ကတ္တား အခု ၃၀၀ အပါအဝင် ကုန်ပစ္စည်း ၂၇ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၂,၃၇၇,၀၀၀)ကိုလည်းကောင်း၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြဝတီမှ ရန်ကုန်သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Label Stickers ၂၀၀၀ ကီလိုဂရမ် (ခန့် မှန်းတန်ဖိုးငွေကျပ် ၂,၄၀၀,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၀၀၀,၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၉,၇၇၇,၀၀၀ ကို သိမ်း ဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း
များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ နိုဝင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် သိမ်းဆည်းရမိမှုစုစုပေါင်းမှာ အမှုတွဲ ၂၂ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၄,၂၃၉,၆၉၀) မှုဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

#PAN