ဖောင်းဆိုင်မြို့တွင် သံချပ်ကာယာဉ် ၁ စီးကို သိမ်းယူဖျက်ဆီးနိုင်ခဲ့တယ်လို့ Khit Thit မှ သတင်းအမှားရေး

မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က ယနေ့ ညနေပိုင်း ဖောင်းဆိုင်မြို့ကို သိမ်းပိုက်စဉ်တပ်မတော်၏ သံချပ်ကာ ကား ၁ စီးကို ထပ်မံသိမ်းယူဖျက်ဆီးနိုင်ခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။ဖြစ်စဉ်အမှန်မှာ အောက်တိုဘာလ ၃၀ ရက်နေ့၌ ဖောင်းဆိုင်မြို့တွင် တပ်မတော်မှ အလုံးစုံပျက်စီး၍ စွန့်ပစ်ခဲ့သော ယာဉ် ၁ စီးအား MNDAA အဖွဲ့က အမှန်တကယ်သိမ်းဆည်းရရှိတဲ့ပုံစံဖြင့် ကြွေးကြော်နေတာဖြစ်ကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ အသုံးပြုမရတဲ့ယာဉ်ကို တပ်က စွန်ပစ်ခဲ့တာကို အမှန်မရေးဘဲ Khit Thit မှ အများပြည်သူများ အထင်အမြင်မှားအောင် တစ်ဖက်သတ်အမြတ်ထုတ်ကာ အရှက်မရှိရေးသားထားခြင်းသာဖြစ်ပါတယ်။