တမူးမြို့ပေါ် ရပ်ကွက်များရှိ PDF အဖွဲအစည်းများတွင် ပါဝင်ပတ်သက်နေသည့် နေအိမ်များအား ချိတ်ပိတ်

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၉ နာရီခွဲခန့်မှ နေ့လယ် ၂ နာရီခန့်အထိ တမူးမြို့ပေါ်ရှိ အကြမ်းဖက် PDF အဖွဲ့များနှင့် ပါဝင်ပတ်သက်သူများဖြစ်သည့် တရားခံ မြင့်ဇော်ဦး(ခ)ဖိုးသား တမူးမြို့၊ ဈေးတန်း (၉)ရပ်ကွက်၊ အိမ်အမှတ် (၉/ဈ/၀၈၁)နေအိမ်အား လည်းကောင်း၊ တရားခံ ဝင်းနိုင် တမူးမြို့၊ ဈေးတန်း(၁၀) ရပ်ကွက်၊ အိမ်အမှတ် (၁၀/ဈ/၀၁၁)နေအိမ်အား လည်းကောင်း၊ တရားခံ ဇော်မင်းဦး တမူးမြို့၊ စော်ဘွား(၉)ရပ်ကွက်၊ အိမ်အမှတ် (စဘ/၉(၁၂၉)နေအိမ်နှင့် တရားခံ ခိုင်မင်းထွန်း တမူးမြို့၊ စော်ဘွား(၁၀)ရပ်ကွက်၊ အိမ်အမှတ် (စဘ/၁၀(၀၆၂)နေအိမ်များအား “ဤအဆောက်အဦနှင့် မြေနေရာသည် အကြမ်းဖက် အဖွဲအစည်းများနှင့် ဆက်စပ်နေသဖြင့် နိုင်ငံတော်ပိုင် သိမ်းဆည်းမည်ဖြစ်သောကြောင့် မကျူးကျော်ရ၊ ရောင်းချခြင်း၊ ရောင်းဝယ်ခြင်းမပြုရ” စာသားပါဝင်သည့် ဗီနိုင်း ဆိုင်းဘုတ် ကပ်ခြင်း၊ သော့ခတ်ခြင်း၊ ချိတ်ပိတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

အဖျက်အမှောက် လုပ်ငန်းများလုပ်ဆောင်ပြီး အပြစ်မဲ့ပြည်သူများအား အနိုင်ကျင့် ညှင်းပန်းနှိပ်စက်၊နေအိမ်တွေမီးရှို့သလို ၊ သတ်ဖြတ်နေသည့် PDF များအတွက် ပြေးစရာမြေမရှိ၊ နေစရာအိမ်မရှိ။