PDF အကြမ်းဖက်တွေကြောင့် ကန့်ဘလူမှာ ကြံခုတ်တဲ့ဒေသခံ ၆ ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဇာဒီကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာ ကြံခင်းအတွင်း ကြံခုတ်နေသည့် ဒေသခံပြည်သူများအား ဇန်နဝါရီလ ၂၃ ရက် နံနက်ပိုင်းတွင် PDF အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ဒေသခံပြည်သူ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးတို့သေဆုံးခဲ့ရပြီး အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။