တပ်မတော်နည်းပညာတက္ကသိုလ် ၂၀၂၃ ခုနှစ် အောင်စစ်သည်လက်ဝှေ့ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲ

ပြိုင်ဆိုင်မှုပြင်းထန်သည့် တပ်မတော်နည်းပညာတက္ကသိုလ် ၂၀၂၃ ခုနှစ် အောင်စစ်သည်လက်ဝှေ့ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲမှာ ဘတပြန် ကျားတပြန် ယှဉ်ပြိုင်ထိုးသတ်နေမှုများကိုဖော်ပြပေးလိုက်ပါတယ်။ တိုက်ရည်ခိုက်ရည်တိုးတက်ကျွမ်းကျင်လာစေရန်သင်ကြားပေးတဲ့အပြင် ယောင်္ကျားတို့သွေး စွေးစွေးနီကြောင်း ဘယ်လိုအခက်အခဲ အကြပ်အတည်း ပင်ပန်းဆင်းရဲမှုကိုမဆို ရင်ဆိုင်ကျော်လွှားနိုင်တဲ့ သတ္တိကိုမွေးမြူပေးနေတဲ့ ပုံရိပ်တွေပဲဖြစ်ပါတယ်။