ဇွန်လ ၂၅ ရက်နေ့မှုခင်းသတင်းများ

-ဇွန်လ ၂၄ ရက်နေ့ ၁၆၀၀ နာရီချိန်တွင် မြစ်ကြီးနားမြို့၊လယ်ကုန်းရပ်ကွက်တွင် နေထိုင်သော ဦးဝဏ္ဏအောင် (၃၇) နှစ်သည် ၎င်းပိုင်ဆိုင်သော ဆိတ်ခြံမှ ပြန်လာစဉ် အကြမ်းဖက်သမား ၁ ဦးမှ ဆိုင်ကယ်ဖြင့် လိုက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ဦးဝဏ္ဏအောင်မှာ ကျည်ဖောက်ဝင်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရှိရ။

-ဇွန်လ ၂၄ ရက်နေ့ ၁၂၃၀ နာရီချိန်တွင် မြိတ်မြို့၊ ကန်ဖျားရပ်ကွက်တွင် နေထိုင်သော ဦးသိန်းစိုး(၅၀) နှစ်၊ ဦးစိန်ဝင်းလှိုင်(၂၇) နှစ်တို့မောင်းနှင်သော FUSO ယာဉ်နှင့် မြိတ်မြို့ဈေးတန်းရပ်ကွက်တွင် နေထိုင်သော ဦးတင်စိုး(၅၀) နှစ်၊ သိန်းထူး(ခ) မှောက်ခုံ လိုက်ပါလာသော NISSAN ယာဉ်အား တနင်္သာရီမြို့နယ်၊ တမုတ်ချုံကျေးရွာ အရောက်၌ အကြမ်းဖက်သမား ၂၀ ဦးခန့်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ။