ဇူလိုင်လ ၅ ရက်နေ့မှုခင်းသတင်များ

-ဇူလိုင်လ ၄ ရက်နေ့ ၁၅၃၀ နာရီချိန်တွင်ာ မုံရွာမြို့၊ အိုးဘိုတောင်ကျေးရွာတွင် နေထိုင်သော ကျောင်းဆရာမ တစ်ဦးဖြစ်သည့် ဒေါ်ရီရီလှိုင်(၅၉) နှစ်သည် 4 N/3260 (insight) ယာဉ်ဖြင့် ပြန်လာစဉ် နေအိမ်ရှေ့အရောက်၌ အကြမ်းဖက်သမား ၃ ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ပစ္စတို ၂ လက်ကိုင်ဆောင်ကာ ဒေါ်ရီရီခိုင်အား ယာဉ်ပေါ်မှဆင်းခိုင်း၍ ကားကိုလည်ကောင်း၊ နေအိမ်အတွင်းရှိ ယာဉ်အမှတ် MDY-76W/7708 Click ဆိုင်ကယ်နှင့်အိမ်ခန်းအတွင်းရှိ ရွှေထည်ပစ္စည်းများအား ယူဆောင်၍ ထွက်ခွာစဉ် မောင်ဖြစ်သူ ဦးကျော်စွာလှိုင် (၄၀) နှစ် မှ ဝင်ရောက်တားမြစ်ခဲ့သဖြင့် အကြမ်းဖက်သမား ၁ ဦးမှ ပစ္စတိုဖြင့် ပစ်ခတ်ခဲ့သဖြင့် ယာလက်မောင်းကျည်ဖောက်ဝင်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရပါတယ်။

-ဇူလိုင်လ ၄ ရက်နေ့ ၀၇၄၅ နာရီချိန်တွင် မြင်းခြံမြို့နယ်၊ ရွှေပေါ်ကျွန်းကျေးရွာတွင် နေထိုင်သော ဦးသန်းထွန်းအောင် (၅၆) နှစ် နှင့် သားဖြစ်သူ မောင်ဝဏ္ဏအောင် (၁၈) နှစ် တို့သည် နေအိမ်၌ရှိနေစဉ် အကြမ်းဖက်သမား ၆ ဦးရောက်ရှိလာပြီး ဆိုင်ကယ် ၁ စီးနှင့် ဖုန်း ၂ လုံးအား ယူဆောင်၍ ဦးသန်းထွန်းအောင် နှင့် သားဖြစ်သူတို့အား လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဇူလိုင်လ ၄ ရက်နေ့ ၀၉၂၀ နာရီချိန်တွင် ငါန်းဇွန်းမြို့နယ်၊ မြို့သာ-မြင်းခြံသွားကားလမ်းဘေး ပေါက်စိမ်းကျေးရွာတွင် စိစစ်ဆဲ ကျား ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါအမျိုးသားအား အကြမ်းဖက် pdf များမှ သတ်ဖြတ်သွားခဲ့ကြောင်း သိရှိရ။

-ဇူလိုင်လ ၄ ရက်နေ့ ၁၈၁၅ နာရီချိန်တွင် ဝမ်းတွင်းမြို့နယ်၊ သုံးဒေါင့်အိုင်ကျေးရွာတွင် နေထိုင်သော ဦးထီလာ(၅၉) နှစ် နှင့် ဦးနေမင်းထွန်း(ခ) မဲလေး (၄၃) နှစ်သည် သုံးဒေါင့်ကျေးရွာမှ ကန်ပတ်လည်ကျေးရွာသို့နွားဝယ်ပြီး ပြန်လာစဉ် အကြမ်းဖက်သမား ၆ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ပစ္စတိုဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးထီလာနှင့် ဦးနေမင်းထွန်းမှာ ကျာ်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

–ဇူလိုင်လ ၄ ရက်နေ့ ၁၉၅၀ နာရီချိန်တွင် နွားထိုးကြီးမြို့နယ်၊ ဖလံကုန်းကျေးရွာတွင် နေထိုင်သော ဦးမောင်ဌေး(၅၅) နှစ်သည် အောင်သာယာကျေးရွာရှိ အကိုဖြစ်သူ၏ နာရေးသို့သွားရောက်စဉ် နွားထိုးကြီး-မလှိုင်သွားကားလမ်းမဘေး၊ အောင်သာယာကျေးရွာအနီးသို့ရောက်ရှိစဉ် အကြမ်းဖက်သမား ၃ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ပစ္စတိုဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ပြီး ဆိုင်ကယ်နှင့် ဖုန်းအား ယူဆောင်ထွက်ပြေးသွားခဲ့ပြီး ဦးမောင်ဌေးမှာ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဇူလိုင်လ ၄ ရက်နေ့ ၀၈၃၀ နာရီချိန်တွင် ညောင်လေးပင်မြို့နယ်၊ ဆွဲဒလဲကျေးရွာတွင် နေထိုင်ပြီး ကုန်စုံဆိုင်ဖွင့်လှစ်ရောင်းချသော ဒေါ်တင်တင်အေး(၄၈) နှစ် အား အကြမ်းဖက်သမားများမှ လက်နက်ငယ်များဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဇူလိုင်လ ၄ ရက်နေ့ ၁၅၀၀ နာရီချိန်တွင် တောင်ငူမြို့နယ်၊ ကျောက်တိုင်ကျေးရွာအနီး တောင်ငူ-လိပ်သိုကားလမ်း၌ သံတောင်ကြီးမြို့နယ်၊ ပျားစခန်းကျေးရွာတွင် နေထိုင်သော ဦးခင်မောင်လွင်(၆၂) နှစ်နှင့် ဦးဘရာ(၄၀) နှစ်တို့အား အကြမ်းဖက်သမားများမှ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ၎င်းတို့မောင်းနှင်လာသည့် mark-11 ကားအား မီးရှို့ဖျက်စီးခဲ့ကြောင်း သိရှိရ။