ဇီးကုန်းမြို့၊ ရန်ကြီးအောင်ရပ်ကွက်အနီးတွင် လက်လုပ်မိုင်း ၁ လုံး ရရှိ

မတ်လ ၁၈ ရက်က ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်ရပ်ကွက်များတွင် အများပြည်သူများ အေးချမ်းစွာ သွားလာနေထိုင်ရေးအတွက် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် လှည့်ကင်းဆောင်ရွက်နေစဉ် ဇီးကုန်းမြို့၊ ရန်ကြီးအောင်ရပ်ကွက် သံလမ်းကူးအနီးအရောက်၌ မသင်္ကာဆိုင်ကယ် ၁ စီးအား တွေ့ရှိ၍ ရပ်တန့်ခိုင်းခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ နောက်ပြန်လှည့်၍ မောင်းနှင်ထွက်ပြေးသွားသဖြင့် လုံခြုံရေးအဖွဲဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့ရာ PDF အလောင်း ၁ လောင်းနှင့်အတူ ဆိုင်ကယ် တူးဘောက်အတွင်းမှ လက်လုပ်မိုင်း ၁ လုံးအား တွေ့ရှိသိမ်းဆည်းခဲ့ပြီး အဆိုပါ လက်လုပ်မိုင်းအား သက်မဲ့ပြုလုပ်၍ ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။