ဇန်နဝါရီလ ၅ ရက်နေ့မှုခင်သတင်းများ

-ဇန်နဝါရီလ ၄ ရက် ၁၂၄၀ နာရီတွင် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ မုပ္ပလင်ကျေးရွာနေ ဦးညီညီလွင်(၅၂)နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်နှင်းရည်ထွေး(၃၄)နှစ်၊ စျေးရောင်းလုပ်ကိုင်သူတို့သည် မုပ္ပလင်ဈေးတွင် စျေးရောင်းချနေစဥ် PDF အကြမ်းဖက်အဖွဲ့ ကျား ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဖြစ်စဉ်တွင် ဦးညီညီလွင်သည် ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဝမ်းဗိုက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာရင်အုံကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိခဲ့ပြီး ဖြစ်စဉ်နေရာတွင် သေဆုံးခဲ့ကြောင်းနှင့် ဒေါ်နှင်းရည်ထွေး သည် ဝဲနားထင်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိခဲ့သေဆုံးခဲ့ကြောင်း သိရှိရ။

-ဇန်နဝါရီလ ၄ ရက် ၁၇၃၀ နာရီတွင် ကန့်ဘလူမြို့နယ်၊ အင်ကြင်းစုကျေးရွာနေ ဦးသန်းညွန့်ဆွေ(၄၂)နှစ်၊ တောင်သူနှင့် ဇနီးဖြစ်သူ ဒေါ်သန်းသန်းစိုး(၄၀)နှစ်၊ တောင်သူတို့ ၂ ဦးအား PDF အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း၊ သိရှိရ။

-ဇန်နဝါရီလ ၄ ရက် ၁၄၃၅ နာရီတွင် တောင်သာမြို့နယ်၊ ချောင်းနားကျေးရွာနေ ဦးစန်းလွင်(၆၄)နှစ်၊ တောင်သူ လုပ်ကိုင်သူသည် ၎င်းပိုင်ဆိုင်သော ကြက်သွန်ခင်းအတွင်း ကြက်သွန်စိုက်ပျိုးနေစဉ် အကြမ်းဖက်သမား ကျား ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ၂ ချက်ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးစန်းလွင်တွင် ဦးခေါင်းနောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲချိုင်းအောက်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဇန်နဝါရီလ ၄ ရက် ၀၉၃၀ နာရီတွင် သဲကုန်းမြို့နယ်၊ ဓားသွေးကျောက်ကျေးရွာ၏ အနောက်မြောက်ဘက်မီတာ ၄၀၀၀ ခန့်အကွာ (ဒေသအခေါ်)ဆပ်ပြာတဲတိုက်နေ ဦးမောင်မောင်လွင်(၄၅)နှစ်၊ တောင်ယာလုပ်ကိုင်သူသည် နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ PDF ကျား ၃ ဦးမှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး နေအိမ်အတွင်းသို့ ဝင်ရောက်ကာ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ပြီး ၎င်း၏လက်ကိုင်ဖုန်းအားယူဆောင်သွဦးခဲ့ပြီး ဦးမောင်မောင်လွင်တွင် ဦးခေါင်းဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိကာ ဖြစ်စဉ်နေရာတွင် သေဆုံးသွားခဲ့ကြောင်းသိရှိရ။