ဆေးဝါးအခက်အခဲတွေကြုံနေရလို့ သေဆုံးမှုများနေတဲ့ KNDF

ကယားပြည်နယ်တိုက်ပွဲများအတွင်း အကြမ်းဖက် KNDF များအနေဖြင့်အကျအဆုံး ထိခိုက်ဒဏ်ရာများ များပြားလာတာကြောင့် ဆေးဝါးလိုအပ်ချက်များရှိနေကြောင်း သိရှိရပါတယ်။ ဆေးဝါးလိုအပ်ချက်များကြောင့် ဒဏ်ရာရ အကြမ်းဖက် PDF များအနေဖြင့် ဆေးဝါးကုသရာတွင် သေဆုံးမှုများရှိနေသလို ဆေးခန်းအတွင်းလည်း လူနာများစုပုံနေကြောင်းနှင့် ဆေးခန်းတွေမှာ အော်သံတွေ၊ ညည်းညူးသံတွေနဲ့ ညဘက်တွေမှာ ခြောက်ခြားစရာတွေနဲ့ ဖြတ်သန်းနေရကြောင်းလည်း သိရှိရပါတယ်။ ဆေးဝါးကုသဖို့ အလှူခံခဲ့ပေမယ့်လည်း ရရှိတဲ့ငွေများကို အလှူခံတဲ့သူက လိမ်သွားခဲ့တာကြောင့် အခုလည်း နောက်တစ်ကြိမ်ထပ်မံအလှူခံရခြင်း ဖြစ်ပါတယ်။ လုပ်စားတော်လှန်ရေးမှာ အလှူခံပေးတဲ့သူတွေက ချမ်းသာလာကြပြီး မြေပြင်ကသူတွေက အသုံးချခံဖြစ်ပြီး နေ့စဉ်ရက်ဆက်သေဆုံးနေကြရတာလည်း ဖြစ်ပါတယ်။