အစ္စရေးက ကိုယ့်ကိုကိုယ်ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်လို အနောက်နိုင်ငံ ၆ နိုင်ငံကထုတ်ပြန်

အစ္စရေးအနေနဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွက် ကိုယ့်ကိုကိုယ်ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်လို အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ကနေဒါတိုက ပူးတွဲကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ အဆိုပါ အနောက်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေကြားမှာ ဆွေးနွေးမှုတွေ ပြီးတဲ့နောက် ထွက်ပေါ်လာခဲ့တာပါ။ အမေရိကန်ဓားစာခံနှစ်ဦးကို ဟားမတ်စ်တိုက ပြန်လွှတ်ပေးခဲ့တဲ့အပေါ်ကိုလည်း ကြိုဆိုခဲ့ကြပြီး ကျန်ရှိနေသေးတဲ့ ဓားစာခံတွေကို လွှတ်ပေးဖိုလည်း တောင်းဆိုခဲ့ကြပါတယ်။