ခေတ်သစ်ဟာသ

ဒီနေ့မနက် ခေတ်သစ်ကတက်လာတာဖတ်ကြည့်ပြီး မိတ်ဆွေတွေကို ဖုန်းဆက်ပြီး အသိတစ်ယောက်ကို မေးကြည့်လိုက်တော့မှ ခေတ်သစ်ဟာသကို ကွက်ကွက်ကွင်းကွင်း သိလိုက်ရတယ်။

တကယ်တမ်းမြေပြင်မှာ အဲ့ဒီဗိုလ်မှူးချုပ်ဟာ စစ်သားပီပီသသ လက်အောက်ကို တိတိကျကျအုပ်ချုပ်တယ်။ စစ်တက္ကသိုလ်ကို မပြောင်းလာခင်ကတည်းက ဘာပြစ်မှုပြစ်ဒဏ်မှ မရှိခဲ့ဘူးလိုသိရတယ်။ နောက်တစ်ခုက စစ်တက္ကသိုလ်ဆိုတဲ့ စစ်ကျောင်းကြီးကို နည်းပြ/ အုပ်ချုပ်သူအဖြစ် တာဝန်ပေးခံရတယ်ဆိုတဲ့သူဟာ သာမာန်လူမဟုတ်ဘူး။ ဗိုလ်မှူးချုပ်အဆင့်မပြောနဲ့ ဗိုလ်ကြီးအဆင့်တွေတောင်မှ သက်ဆိုင်ရာ သင်တန်းတွေမှာ ကြိုးစားမှုအဆင့် ၁ မှ ၁၀ အထိ ထူးချွန်တဲ့ သူတွေမှသာ နည်းပြအဆင့်သတ်မှတ်ပြီး ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ကြရတာ ဖြစ်ပါတယ်။

မီဒီညာကြီးကရေးတာကတော့ ပြစ်ဒဏ်ရှိလိုပဲ စစ်တက္ကသိုလ်ကို ပြောင်းလာရသလိုလိုနဲ့ အထက်အောက် သိသိသာသာကြီးသွေးခွဲထားတာကို တွေ့ရပါတယ်။ မြေပြင်အခြေအနေမှန်ကိုသိလားမသိလားဆိုတာ ဝေဖန်ပိုင်းခြားကြည့်ရင် အမည်တွေကိုတောင် တလွဲတွေရေးထားတာ တွေ့ရမှာပါ။ အမည်တောင် အတိအကျမသိဘဲ ဖြစ်စဉ်တွေကိုရေးထားတယ်ဆိုကတည်းက ရည်ရွယ်ချက်ရှိရှိ သတင်းမှားနဲ့ သွေးခွဲတယ် ဆိုတာသိမြင်ရမှာဖြစ်ပါတယ်။

မီဒီညာတွေရဲ့အဓိကရည်ရွယ်ချက်ကတော့ ဒီလိုတပ်မတော်အရာရှိကြီးတစ်ဦးကို ရည်ရွယ်ချက်ရှိရှိ ဂုဏ်သိက္ခာ ညှိးနွမ်းစေရန်နှင့် တပ်တွင်းစည်းလုံးညီညွတ်မှုပျက်ပြားစေရန်အတွက် သတင်းမှား ဖော်ပြရေးသားထားတယ် ဆိုတာကို မီးမောင်းထိုးပြလိုက်သလိုပါပဲ။

စတုတ္ထမဏ္ဍိုင်ပီသနိုင်ကြပါစေ

KT