ဆိုင်ကလုန်းမုန်တိုင်းတစ်ခု နီးကပ်လာစဉ် အိန္ဒိယတောင်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ မိုးကြီး

ဘင်္ဂလား ပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အားကောင်းတဲ့ မုန်တိုင်းတစ်ခုအဖြစ် ပိုမိုပြင်းထန်လာခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ ပြည်နယ်တွေမှာ သတိပေးတပ်လှန့်မှုတွေ့မြှင့်တင်ထားပြီး ဒီဇင်ဘာ (၄) ရက်က နိုင်ငံတောင်ပိုင်းနဲ့ အရှေ့ပိုင်း ကမ်းရိုးတန်းဒေသတွေမှာ မိုးသည်းထန်၊ လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို အာဏာပိုင်တွေက ပြောဆိုပါတယ်။

တောင်ပိုင်း တမီလ်နာဒူး၊ အန်ဒရာ ပရာဒေ့ရှ်ပြည်နယ်တွေ၊ အရှေ့ပိုင်းက သြရိသျှပြည်နယ်တိုမှာ ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်နေပြီး ပြည်နယ်အာဏာပိုင်တွေက ဆိုင်ကလုန်းမုန်တိုင်း မိကျောင်းနဲ့ပတ်သက်တဲ့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

အဆိုပါ မုန်တိုင်းဟာ တောင်ပိုင်းကမ်းရိုးတန်းဒေသကို လေတိုက်နှုန်း ၁ နာရီ ၅၆ ကနေ ၆၂ မိုင်နှုန်းနဲ့အင်္ဂါနေ့(ဒီဇင်ဘာ ၅ ရက်) ယနေ့မှာ ဝင်ရောက်တိုက်ခတ်နိုင်ခြေရှိတယ်လို အိန္ဒိယမိုးလေဝသဋ္ဌာနက ထုတ်ပြန်ပါတယ်။