ခိုလှုံခွင့်တောင်းဆိုသူများအပေါ် ကန့်သတ်ချက်များလုပ်ဆောင်နေတဲ့အတွက် အမေရိကန်အစိုးရအဖွဲ့ ပြစ်တင်ဝေဖန်ခံရ

အမေရိကန်နိုင်ငံ ရွှေ့ပြောင်းသွားလာသူများ ကူညီရေးအဖွဲများဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ဦးဆောင်တဲ့ အစိုးရအဖွဲရဲ့လုပ်ရပ်များနဲ့ပတ်သက်ပြီး ပြစ်တင်ဝေဖန်လိုက်တယ်လို သိရပါတယ်။

အမေရိကန်အစိုးရဟာ နိုင်ငံရေးခိုလှုခွင့် ရယူဖိုကြိုးပမ်းသူများအတွက် နယ်စပ်ဒေသများမှာ ကန့်သတ်မှုများ ပိုမို လုပ်ဆောင်နေတာနဲ့ပတ်သက်ပြီး အမေရိကန်အခြေစိုက်ရွှေ့ပြောင်းသွားလာသူများ ကူညီရေးအဖွဲက ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါအဖွဲက ရွှေ့ပြောင်းသွားလာသူများကို နေရပ်ပြန်ပိုနေတဲ့ အငြင်းပွားဖွယ်ရာကိစ္စများ ကို တိုးမြင့်လုပ်ဆောင်နေခြင်းနဲ့ပတ်သက်ပြီးလည်း ဝေဖန်ပြစ်တင်ခဲ့တယ်လို သိရပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကျူးဘား၊ နီကာရာဂွါ၊ ဟေတီ ၊ ဗင်နီဇွဲလား၊ နိုင်ငံသားတို အပါအဝင် အမေရိကန်နိုင်ငံအတွင်းရောက်ရှိနေတဲ့ ရွှေ့ပြောင်းသွားလာသူများနဲ့ ဒုက္ခသည်အရေအတွက် ၃ဝဝဝဝ ကျော်ကို လစဉ် နေရပ်ပြန့်ပိုမယ့် အစီအမံအသစ်များ ချမှတ်ခဲ့တယ်လို သိရပါတယ်။ အမေရိကန်ရွှေ့ပြောင်း သွားလာသူများ ကူညီပေးရေးအဖွဲနဲ့ နီးစပ်သူတစ်ဦးက “ကျူးဘား၊ နီကာရာဂွါ၊ ဟေတီနိုင်ငံသားတွေဟာ နိုင်ငံ အတွင်းက ထွက်ပြေးဖို ကြိုးစားမယ်ဆိုရင် နယ်စပ်ဒေသမှာ ပြဿနာတွေ ပေါ်ပေါက်လာမှာဖြစ်တယ်” လို ပြောပါ တယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က မကြာမီစတင်တော့မယ့် အစီအမံအသစ်ဟာ အမေရိကန်နယ်စပ်ဒေသကို ရောက်ရှိလာသူအရေအတွက် တိုးမြင့်နေခြင်းကို လျော့ချပေးနိုင်ဖို ရည်ရွယ်ခြင်းဖြစ်တယ်လို ဆိုပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ မိမိတိုကို သေဆုံးချိန်အထိ ကိုယ်နိုင်ငံထဲမှသာ နေထိုင်ဖို ပြောဆိုထားကြောင်း၊ ဟေတီ ရွှေ့ပြောင်းသွားလာသူများအဖွဲတာဝန်ရှိသူများ က ပြောပါတယ်။