ဆက်ကြေးကောက်နေသည့် PDF ဂိတ်အား တပ်မတော်မှဝင်ရောက်ရှင်းလင်းရာ အလောင်း ၄၀ ကျော်ရရှိ

စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့၊ ရွာဝေးရပ်ကွက်၊ ကူကြီးကုန်းကျေးရွာအနီး မန္တလေး- ရွှေဘိုကားလမ်းပေါ်က အကြမ်းဖက် NUG လက်အောက်ခံ PDF များ ဓားပြတိုက်၊ ဆက်ကြေးကောက်နေသည့် ဂိတ်နေရာကို တပ်မတော်က ဒီဇင်ဘာ ၁၄ ရက်၊ မွန်းတည့် ၁၂ နာရီအချိန်မှာ ရှင်းလင်းလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

❝PDF တွေက အဲဒီကူကြီးကုန်းရွာတောင်ဘက်ပေါ့၊ အဲဒီနေရာမှာ ဂိတ်လုပ်ပြီး ဆက်ကြေးကောက်နေတာကြာပြီ၊ မန္တလေး- ရွှေဘိုကားလမ်းပေါ်မှာပေါ့၊ အဲဒါကို မနေ့ကတော့ လာရှင်းလိုက်ပြီ၊ ပထမတော့ မြေပြင်မှာ အပြန်အလှန်ပစ်ကြတာ၊ နောက်မှ တပ်က လေယာဥ်နဲ့လာပစ်တာ၊PDF တွေ သေလိုက်တာ မြင်လို့တောင်မကောင်းဘူး၊ အယောက် ၄၀ အထက်မှာပဲရှိတယ်၊ ဒဏ်ရာရတဲ့သူတွေကလည်း လိုက်ထရပ်ကားနှစ်စီနဲ့အပြည့်ပဲ။ အလောင်းတွေတောင် ဒီနေ့မနက်ပိုင်းအထိ မကောက်နိုင်သေးဘူး❞ လို့ အမည်မဖော်လိုတဲ့ အဲဒီဒေသခံတစ်ဦးက ပြောပြခဲ့တာပါ။

၎င်းနေရာမှာရှိတဲ့ PDF အကြမ်းဖက်သမားတွေဟာ ခရီးသွားပြည်သူတွေဆီကနေ ဆက်ကြေးကောက် တောင်းစားနေတဲ့အပြင် ဒေသခံပြည်သူတွေဆီကလည်း လက်နက်အားကိုးနဲ့ အနိုင်ကျင့်ဗိုလ်ကျပြီး ဓားပြတိုက်သလို တောင်းရမ်းစားသောက်နေသလို မိန်းကလေးငယ်တွေကိုလည်း မုဒိန်းကျင့်မှုတွေ ပြုလုပ်နေတာကြောင့် ပြည်သူလူထုကလည်း အမြစ်ပြတ် ရှင်းလင်းပေးစေချင်နေကြတယ်လို့ သိရပါတယ်။