ခင်ဦးမြို့နယ်၊ သင်ပေါင်းကား ကျေးရွာအနီးတွင် KIA/PDF ၁ ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မေလ ၇ ရက်နေ့ ည ၇ နာရီခွဲခန့်တွင် ခင်ဦးမြို့နယ်၊ သင်ပေါင်းကား ကျေးရွာအနီးတွင် လုံခြုံရေးအဖွဲ့ဝင်များနှင့် KIA/PDF အကြမ်းဖက်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA/PDF အကြမ်းဖက် ၁ ဦး သေဆုံးပြီး KA သေနတ် ၁ လက်၊ လက်လုပ် ၁ တောင့်ထိုး သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု နှင့် ကျည်ဆံ ၁၅ တောင့်တို့အား သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးအဖွဲ့ဝင်များမှာ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရှိရပါတယ်။