ခင်ဦးမြို့နယ်တွင် လုံခြုံရေးအဖွဲ့များနှင့် KIA၊ PDF ပူးပေါင်းအဖွဲ့ ထိတွေ့မှုဖြစ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကဘွတ်ကျေးရွာအနီးတွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များနှင့် KIA၊ PDF ပူးပေါင်းအင်အား ၁၀ ဦးခန့်နှင့်တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အမ်(၂၂) ကျည် ၅၀ တောင့်၊ လက်လုပ်မိုင်း ၅ လုံး၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက် လုပ် ဗုံးသီး ၄ လုံး၊ လက်လုပ်မိုင်း ၁ လုံးဒီတိုနေတာ ၄၀ ခု၊ ယမ်း ၄ ပိဿာ၊ ယမ်းကြိုး ၁ ခွေ၊ ယာဉ် ၁ စီး၊ ဆိုင်ကယ် ၂ စီး၊ ပြောက်ကျားယူနီဖောင်း ၁၅ စုံ သိမ်းဆည်းရမိခဲ့ကြောင်းသိရပါတယ်။