စာဖတ်နည်းသွားတဲ့ တိုင်းပြည်

အရင်တုန်းက စာအုပ်တွေ နည်းပေမယ့် စာဖတ်သူတွေ များကြတယ်။
ခုစာအုပ်တွေ ပေါပေမယ့် စာဖတ်သူတွေ နည်းသွားတယ်။
တိုင်းပြည်မွဲတာလည်း မပြောနဲ့
စာမှ မဖတ်ကြတာကို၊ စာမဖတ်ကြသ၍ ကိုယ့်အတ္တကို ပုံဖော်ထုစစ်နေကြအုံးပဲ။
အရင်ကစာကြည့်တိုက်တွေမှာ စာအုပ်တစ်အုပ်ငှါးရင်
တစ်ရာ နှစ်ရာ ပေးရတယ်။
အသင်းဝင်ကတ်တွေမှ အများကြီးပါပဲ။
စာအုပ်ငှါးသူတွေ အပြည့်ရှိပါတယ်။
ခုစာအုပ်ငှါးရင် တစ်ပြားမှ ပေးစရာတောင် မလိုပါဘူး။
ဝမ်းနည်းဖို့ကောင်းတာက ခုတော့ စာအုပ် ဖတ်ဖို့ကို မနည်းတိုက်တွန်းနေရပါတယ်။
စာကြည့်တိုက်တွေက စာအုပ်တွေဆို ဖုန်တွေ တတ်လို့၊
ချမစားရင်တောင် ကံကောင်းတယ် ပြောရမယ်။
စာအုပ်ဆိုင်တွေမှာ စာအုပ်ဝယ်သူတွေ နည်းသွားပြီ။
အရင်က ပိုက်ဆံမရှိလို့ စာအုပ်တွေ ငှါးဖတ်ရတယ်။
ခုကျ ပိုက်ဆံရှိပေမယ့် စာအုပ်ဝယ်ဖတ်ဖို့ စိတ်အားထက်သန်မှုနည်းသွားပြီ။
စာအုပ်တွေ နေရာမှာ ဖုန်းတွေအစားထိုး ဝင်ရောက်နေရာယူကြပါတယ်။
အချိန်ရှိ ဖုန်းပဲကြည့်နေတတ်ကြပါတယ်။ စာဖတ်ဖို့ အာရုံ မလာတော့ပေ။
လူငယ်တွေဆို ဂိမ်းထဲမှာပဲ အချိန်ကုန်နေတတ်ကြပါတယ်။
လူငယ်တွေ စာမဖတ်ကြတော့ဘူး။ စာအုပ်ဆိုင် ဘယ်နားလေး ရှိမှန်း မသိတဲ့ လူငယ်တွေ အများကြီးပဲ ။
လူငယ်တွေ စာမဖတ်ကြတော့ဘူးဆိုရင် တိုင်းပြည် အနာဂါတ်လှမှာ မဟုတ်တော့ပါဘူး။
လူငယ်တွေကို စာဖတ်စေချင်တယ်။ တိုင်းပြည်အနာဂါတ်က လူငယ်တွေ လက်ထဲမှာ ရှိလို့ပါပဲ။
တိုင်းပြည် အနာဂါတ် လှပဖို့အတွက် လူငယ်တွေ စာဖတ်မှ ဖြစ်ပါလိမ့်မယ်။
တိုင်းပြည်အနာဂါတ်လူငယ်တွေ လက်ထဲရောက်သွားပီဆိုရင် တိုင်းပြည်ကို လှပအောင် ပြုပြင်နိုင်ရမယ်။
တိုင်းပြည် အုပ်ချုပ် မင်းလုပ်သူက အသိဉာဏ် ခေါင်းပါး​နေတယ်ဆိုရင် အဲ့ဒီတိုင်းပြည်က တိုးတတ်မှာ မဟုတ်ပါဘူး။
စာမဖတ်သူထက် စာဖတ်သူက အများကြီး သာပါတယ်။
စာမဖတ်တဲ့ တိုင်းပြည်နဲ့ စာဖတ်တဲ့ တိုင်းပြည် အများကြီး ကွာခြားပါတယ်။
တိုးတတ်နေတဲ့တိုင်းပြည်ကလူတွေက စာအမြဲဖတ်ကြပါတယ်။
မတိုးတတ်တဲ့ တိုင်းပြည်က လူတွေက မဟုတ်တာတွေနဲ့ အချိန်ကုန်နေကြပါတယ်။
ဒါ​ကြောင့် တိုင်းပြည်တိုးတတ်ချင်ရင် စာဖတ်ပါ။ စာဖတ်မှ အမှားအမှန် အကောင်းအဆိုးကို ခွဲခြားတတ်မှာပါ။
စာဖတ်သူနည်းသွားတဲ့ တိုင်းပြည်မဖြစ်အောင် လူငယ်တွေ စာဖတ်ကြဖို့ တိုက်တွန်းချင်ပါတယ်။