ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့သတင်း

ဒီဇင်ဘာလ ၅ ရက်နေ့ကတည်းက ရောနယ်ဒိုဟာ ဆော်ဒီအာရေဗျမှာ (၂) နှစ်ခွဲကစားဖို့ ကနဦးသဘောတူညီထားတယ်လို့သိရပါတယ်။

လက်ရှိမှာတော့ CR 7 ကဆော်ဒီအာရေဗျမြို့တော် Riyadh သို့သွားရောက်ပြီး Al Nassr အသင်းနဲ့ စာချုပ်ချုပ်ဆိုဖို့သာလိုအပ်တော့ပြီး နာရီပိုင်းအတွင်း တရားဝင်ဖြစ်လာနိုင်တယ်လို့ဆိုထားပါတယ်။

အဆိုပါ စာချုပ်သက်တမ်းမှာ(၂၀၃၀) ထိဖြစ်ပြီး ကစားသမားအနေနဲ့ (၂) နှစ်ခွဲကစားပေးရမှာဖြစ်ပြီး လက်ကျန်သက်တမ်းများကိုတော့ ဆော်ဒီရဲ့ (၂၀၃၀) ကမ္ဘာ့ဖလားကျင်းပခွင့်ရရှိရေး ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။

Al Nassr အသင်းဟာ ရော်နယ်ဒိုကို ခေါ်ယူရာမှာ ငွေကြေးဆိုင်ရာ စည်းမျဉ်းဆိုင်ရာစည်းမျဉ်းများ မချိုးဖောက်စေရန် ကစားသမား(၃)ဦးထိဖယ်ရှားသွားဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။

ကစားသမားဘဝ လက်ကျန်သက်တမ်းအတွင်း ရော်နယ်ဒိုဟာ တစ်နှစ်လုပ်ခ ယူရိုသန်း(၂၀၀) ရရှိမှာဖြစ်ပြီး ကမ္ဘာ့ဖလားကျင်းပရေး ကိုယ်စားလှယ်အဖြစ် တာဝန်ယူချိန်မှာ အဆိုပါ ပမာဏထက်ပိုများတဲ့ လစာကိုရရှိမယ်လို့သိရပါတယ်။