စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မုံရွာတောင်ရပ်ကွက်ရှိ ကားဂိတ်တွင် ကျည်ဆံများ သိမ်းဆည်းရမိ

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက် ညနေ ၅ နာရီခွဲခန့်တွင် မုံရွာမြို့နယ် မုံရွာတောင်ရပ်ကွက်ရှိ ကားလေးကွင်းဝင်းရှိ ခရီးသည်မော်တော်ယာဉ်ဂိတ်တွင် မလှမျိုးနာမည်ဖြင့် ပီနံအိတ် ၁ လုံးရောက်ရှိနေသော်လည်း ယခုအချိန်ထိ လာရောက်ယူဆောင်ခြင်းမရှိသေးကြောင်း သတင်းပေးချက်များအရ သိရှိရ၍ လုံခြုံရေးအဖွဲ့များက သွားရောက်ဖွင့်ဖောက်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ရာမှ ပီနံအိတ်အတွင်းရှိ အမျိုးသမီးလုံချည်များနှင့် ရောနှောထည့်ထားသည့် ဒံအိုးနှင့်ရေနွေးခရားအိုးအတွင်းမှ ၅.၅၆ ကျည် ၄၂၀ တောင့်၊ ၇.၆၂ ကျည် ၃၀ တောင့်၊ ၄၀ မမ ဗုံးသီး ၂ လုံးတို့အား တွေ့ရှိရ၍ လုံခြုံရေးအဖွဲ့များက သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါတယ်။

CRD;