ခွန်ခမာရိုးရာလက်ဝှေ့ပြိုင်ပွဲမှာ ပရမ်စမ်နမ်ကို ထွန်းထွန်းမင်း ထပ်မံရှုံးနိမ့်

မြန်မာနိုင်ငံ၏ နာမည်ကြီးလက်ဝှေ့ကျော် တစ်ဦးဖြစ်သည့် ထွန်းထွန်းမင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ သမ္ဘာရင့်ချန်ပီယံ ပရမ်စမ်နမ်တိုသည် ကမ္ဘောဒီးယားနိုင်ငံ၌ ယနေ့ညက ခွန်ခမာရိုးရာ လက်အိတ် စည်းမျဥ်းများအတိုင်း ခေါင်တွဲဆိုင်းအဖြစ် ထိုးသတ်ခဲ့ကြသည်။
ထိုသို့ ထိုးသတ်ရာတွင် (၃) မိနစ် (၃) ချီပြည့်သည့်အထိ အနိုင်အရှုံးမပြတ်သားခဲ့သည့်အတွက် ဒိုင်အဆုံးအဖြတ်ခံယူရာတွင် ကမ္ဘောဒီးယားနိုင်ငံ၏ သမ္ဘာရင့်ချန်ပီယံ ပရမ်စမ်နမ်က အနိုင်ရရှိခဲ့ကြောင်းသိရပါတယ်။
ထွန်းထွန်းမင်းနှင့် ပရမ်စမ်နမ်တို့သည် ပြီးခဲ့သည့် ၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်း ခမာဖိုက်တွင် ထိုးသတ်ရာ ဒိုင်အမှတ်ဖြင့် ပရမ်စမ်နမ်က အနိုင်ရရှိခဲ့ဖူးပြီး ယနေ့ညတွင်လည်း ထပ်မံအနိုင်ရရှိခဲ့သည့်အတွက် ထွန်းထွန်းမင်းမှာ ရှုးကြွေးထပ်တင်ခဲ့ရတယ်လို့လည်းသိရပါတယ်။ #Crd