ခင်ဦးမြို့နယ်ရှိ မြေနီလျှိုလမ်းဆုံအနီးတွင် PDFများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ဇန်နဝါရီလ ၄ ရက် နံနက် ၉ နာရီခွဲခန့်တွင် ခင်ဦးမြိုနယ် ရွှေဘို-မြစ်ကြီးနားလမ်းပေါ်ရှိ မြေနီလျှိလမ်းဆုံအနီးတွင်
နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိသော လုံခြုံရေးအဖွဲ့များနှင့် PDF တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။
အများပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် တာဝန်ရှိရှိ တာဝန်သိသိဖြင့် ဆောင်ရွက်လျက်ရှိသောလုံခြုံရေး
အဖွဲ့သည် ယုတ်မာသောစိတ်ဖြင့် ဖျက်လိုဖျက်စီးလုပ်ရန် လာသော PDF ပဒက်များ ပြန်လည်ပစ်ခတ်ခဲ့ရာ ဒဏ်ရာများ
စွာဖြင့် ထွက်ပြေးသွားခဲ့ပြီး လုံခြုံရေးအဖွဲ့များက လိုက်လံရှင်းလင်းမှုများပြုလုပ်ခဲ့ရာ
-PDF အလောင်း ၂ လောင်း၊
-M-79 သေနတ် ၁ လက်၊
-၄၀ မမ ဗုံးသီး ၂ လုံး၊
-လက်လုပ်မိုင်း ၂ လုံး၊
-လက်ပစ်ဗုံး ၂ လုံး၊
-စကားပြောစက် ၁ လုံး တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပြီး လုံခြုံရေးအဖွဲ့များမှာ ထိခိုက်မှုမရှိကြောင်း
သိရှိရပါသည်။