ခင်ဦးတွင်နေအိမ်အတွင်းမှ လက်နက်ခဲယမ်းများဖမ်းဆီးရရှိ

၂၀၂၃ ဩ ၁၇ရက်က ခင်ဦးမြို့၊ မြကန်သာရပ်ကွက်နေ မျိုးကျော်၊ ၄၁ နှစ်၊ (ဘ)ဦးတင်ဝင်း၊ ယာဉ်မောင်းသည် ခင်ဦးမြို့ ပလဖ အဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်း သတင်းအရ ဩ ၁၈ ၀၂၁၀ ချိန်တွင် ခင်ဦးမြို့၊ မြကန်သာရပ်ကွက်ရှိ မျိုးကျော်၏နေအိမ်အား ဝင်ရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက် အဖွဲ့ဝင်များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး မျိုးကျော်ပါ အကြမ်းဖက်အဖွဲ့ဝင် ၄ ဦးသည် ခင်ဦးမြို့၏ မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ ဘိုးဖောင် ဘုရားဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး မျိုးကျော်၏ နေအိမ်အတွင်းသို့ ဝင်ရောက်ရှာဖွေခဲ့ရာ အောက်ပါ လူ/လက်နက်/ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပါတယ်..
(က) သီတာဦး၊ ၃၅ နှစ်၊ (ဘ)ဦးဝင်း၊ ကျဘမ်း၊ မြကန်သာရပ်ကွက်၊ ခင်ဦးမြို့။
( ခ ) အမျိုးအစား(စိစစ်ဆဲ) စနိုက်ပါ ၁ လက်။
( ဂ ) စနိုက်ပါကျည်အိမ် ၁ ခု။
(ဃ) ၎င်းကျည် ၅ တောင့်။
( င ) M4 မောင်းပြန်ရိုင်ဖယ် ၁ လက်။
( စ ) M4 ကျည်အိမ် ၁ ခု။
(ဆ) ၎င်းကျည် ၂၀ တောင့်။
( ဇ ) KA မောင်းပြန်ရိုင်ဖယ် ၁ လက်။
( ဈ ) ကျည်အိမ် ၂ ခု။
(ည) ၎င်းကျည် ၂၆ တောင့်။
( ဋ ) လက်လုပ်သေနတ်အရှည် ၁ လက်။
( ဌ ) လက်လုပ်မိုင်း ၁ လုံး။
( ဍ ) မိုင်းထောင်ရာတွင် အသုံးပြုသည့် ပလပ်ခေါင်း ၅၇ ခု။
( ဎ ) ဖျူးစ် ၁၀၀ ခု။
(ဏ) မိုင်းပြုလုပ်ရာတွင်အသုံးပြုသည့် သံဖြတ်စက် ၈ လုံး။
(တ) ခဲဂေါက် ၂ ချောင်း။
(ထ) NLD တံဆိပ်ပါ နဖူးစည်း ၁ ခု တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။