ချန်ပီယံလိဂ်မှာဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုးပမ်းနေတဲ့ ဆော်ဒီလိဂ်

ဆော်ဒီလိဂ်ချန်ပီယံအသင်းကို ချန်ပီယံလိဂ်မှာ ဝင်ကစားခွင့်ပေးဖို့အတွက် UEFA ကို ဆော်ဒီဘက်က တောင်းဆိုမှုတွေ လုပ်သွားဖို့ ကြံနေပါပြီ။ ၂၀၂၅ မှာ ချန်ပီယံလိဂ်ကို အသင်းပေါင်း ၃၆ သင်းနဲ့ ကစားမှာဖြစ်ပြီး ဒီအခွင့်အရေးကို အရယူဖို့ ဆော်ဒီက လုပ်လာတာပါ။

သူတို့ဆီမှာ နာမည်ကျော်ကစားသမားအများအပြား လာရောက်ကစားနေပြီး အားလုံးရဲ့ စိတ်ဝင်စားမှုကို ရနေချိန်မှာ ဒါကို အားသာချက်တခုအဖြစ် အသုံးချပြီး ချန်ပီယံလိဂ်ဝင်မှာ ဆော်ဒီချန်ပီယံ ဝင်ကစားလို့ရအောင် လုပ်လာတဲ့ သဘောပါပဲ။

ဒါသာတကယ်ဖြစ်လာခဲ့ရင်တော့ ရော်နယ်ဒို၊ ဘန်ဇီမာ၊ မာနေး၊ နေမာတို့ကို ချန်ပီယံလိဂ်မှာ ပြန်မြင်တွေ့လာရနိုင်ပါတယ်။ သူတို့ရဲ့ အသင်းတွေနဲ့ ချန်ပီယံဖြစ်ဖို့တော့ လိုပါတယ်။ ဒီအစီအစဉ်ဖြစ်လာဖို့က ခက်ခဲမှာဆိုပေမယ့် ဆော်ဒီလို ငွေကြေးပေါတဲ့ လိဂ်က မရရအောင် ကြိုးစားမယ်လို့ ထင်ရပါတယ်။

crd; football king