ကျိုင်းတုံမြို့၌ ပြည်နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်

ဒီဇင်ဘာ ၁၀ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌
ပြည်နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်
နီလင်းအောင် နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။
ပြိုင်ပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြို့နယ် ၁၀ မြို့နယ်ရှိ ကျောင်းများ၏ GRADE 5 မှ GRADE 9
အထိ အင်္ဂလိပ်စာထူးချွန်သူ ကျောင်းသား၊ ကျောင်းသူ ၉၃ ဦး၊ သင်္ချာထူးချွန်သူ ကျောင်းသား၊ ကျောင်းသူ ၉၂ ဦး၊
စုစုပေါင်း ၁၈၅ ဦးတို့ကို အင်္ဂလိပ်စာ၊ သင်္ချာ ရေးဖြေနှင့် အင်္ဂလိပ်စာ ကျပန်းစကားပြောပြိုင်ပွဲဟူ၍ ခွဲခြားကာ
ဒီဇင်ဘာ ၁၁ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။