ကျိုက်ထိုမြို့နယ်၊ ကတိုင်ဒွတ်ကျေးရွာ၏ အနောက်တောင်ဘက်၌ တိုက်ပွဲဖြစ်ပွား

အောက်တိုဘာ ၂၀ ရက်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာမှ မိုဘောကျေးရွာသို့ နယ်မြေရှင်းလင်းရန် ချီတက်လာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက
ကတိုင်ဒွတ်ကျေးရွာ၏ အနောက်တောင်ဘက်သို့အရောက်
မိုင်းထောင်ရန်လာသည့် KNLA တပ်မဟာ(၃)၊ ရင်း (၃)နှင့် အကြမ်းဖက်သမားပူးပေါင်းအင်အား ၇ ဦးအား တွေ့ရှိသဖြင့်
စတင်ပစ်ခတ်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး-
-အကြမ်းဖက်သမား ၃ လောင်း
-၁၂ ဗို့သေနတ် ၁ လက်
-လက်လုပ်ဂတ်စ်သေနတ် ၁ လက်
-ကျည် ၃၁၂ တောင့်
-စနက်တံ ၃၀ ချောင်း
-လက်ပစ်ဗုံး ၁ လုံး
-လမ်းလျှောက်စကားပြောစက်(မကောင်း) ၂ လုံး
-ပြောက်ကျားယူနီဖောင်း ၂ စုံ
-လက်ထိပ် ၁ ခုသိမ်းဆည်းရရှိခဲ့ပြီး တပ်မတော်ဘက်က ထိခိုက်မှုမရှိခဲ့ဟု သိရှိရပါတယ်…