ကာလုံအစည်းအဝေးတွင် သက်တမ်း ၆ လ ထပ်မံတိုးမြှင့်

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေးကဏ္ဍမြှင့်တင်ရေး၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့် နိုင်ငံအား တည်ငြိမ်အေးချမ်းသည့် ပုံမှန်အနေအထား၊ သာမန်အနေအထားသို့ရောက်အောင် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ သာမန်အခြေအနေ မဟုတ်ခြင်းကြောင့် လိုအပ်ချက်နှင့် လုပ်ဆောင်ရမည့်အချက်များကို အရှိန်အဟုန် မပျက် ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံ၍ ၆ လသက်တမ်းတိုးမြှင့်ကြောင်း ဆုံးဖြတ်ခဲ့ပြီး အစည်းအဝေး (၁/၂၀၂၄)ကိုရုပ်သိမ်းလိုက်ကြောင်း သိရှိရပါတယ်။