ဟဲဟိုးမြို့တွင်လေပြင်းတိုက်ခတ်မှုကြောင့်နေအိမ် ၄ လုံးပျက်စီး

ဧပြီလ ၂၃ ရက်

ကလောမြို့နယ်၊ ဟဲဟိုးမြို၌ ဧပြီလ၂၂ရက်ည‌နေ ၅နာရီခွဲတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၄ လုံး ပျက်စီးဆုံးရှုးခဲ့ပြီး ပြည်သူများထိခိုက်မှုမရှိကြောင်းနှင့် နေအိမ် များအား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရွာသူ ရွာသားများမှ ဝိုင်းဝန်း ပြင်ဆင်ပေးလျက်ရှိပြီး

( ၁ ) ဟဲဟိုးမြို့၊ အမှတ်(၅)ရပ်ကွက်နေ ဦးအောင်နိုင်ထွေး ထရံကာ/သွပ်မိုး နေအိမ်ရှိ ၈ ပေသွပ် ၃ ချပ်၊ ခန့်မှန်း ကာလ တန်ဖိုး ၂၈၀၀၀ ကျပ်။

(၂) ဟဲဟိုးမြို့၊ အမှတ်(၅)ရပ်ကွက်နေ ဦးမောင်ချိုထရံကာ/ သွပ်မိုး နေအိမ်ရှိ ၁၂ ပေသွပ် ၁၀ ချပ် ခန့်မှန်းကာလတန်ဖိုး ၁၄၀၀၀၀ ကျပ်ခန့်။

( ၃ ) မင်္ဂလာကျေးရွာနေ ဦးသိန်းမောင်၊ထရံကာ/သွပ်မိုးနေအိမ်ရှိ ၁၂ ပေသွပ် ၃၀ ချပ်နှင့် အမိုးတန်းများ ပျက်စီး(နေအိမ်ပြိုလဲ)၊ ခန့်မှန်း ကာလတန်ဖိုး ၂၅ သိန်း ကျပ်ခန့်။

( ၄ ) မင်္ဂလာဒုံကျေးရွာနေ ဦးဇော်ဝမ်း၊ ထရံကာ/ သွပ်မိုး နေအိမ် တွင် မိုးထားသည့် ၁၂ ပေသွပ် ၃၀ ချပ်နှင့် အမိုးတန်းများ ပျက်ဆီး၊ ပျက်စီး၊ ခန့်မှန်းကာလတန်ဖိုး ၁၀ သိန်းကျပ်ခန့် ပျက်စီးခဲ့ကြောင်းသိရှိရပါသည်။