ကမ္ဘာ့အဆင့် ၄၆ အထိတက်ရောက်နိုင်ခဲ့သည့် သက်ထားသူဇာ

မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ကမ္ဘာ့ကြက်တောင်အဖွဲချုပ်က သတ်မှတ်သော အမျိုးသမီးတစ်ဦးချင်းအဆင့်တွင် ကမ္ဘာ့အဆင့် (၄၆) အထိ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

သက်ထားသူဇာသည့် ပြီးခဲ့သည့် YONEX-SUNRISE VIETNAM OPEN 2023 တွင် ဆီမီးဖိုင်နယ်အဆင့်သိုတက်ရောက်နိုင်ခဲ့သော်လည်း ဆီမီးဖိုင်နယ်အဆင့်တွင်ပင် အနားယူခဲ့ရကာ တတိယလုပွဲကိုလည်း ယှဉ်ပြိုင်နိုင်ခြင်းမရှိသည့်အတွက် စတုတ္ထနေရာနှင့်ပင်ကျေနပ်ခဲ့ရသည်။

သက်ထားသူဇာသည် အနီးစပ်ဆုံးပြိုင်ပွဲအဖြစ် စက်တင်ဘာ ၁၉ ရက်မှ ၂၄ ရက်အထိကျင်းပမည့် TOYOTA GAZOO RACING THAILAND INTERNATIONAL SERIES 2023 တွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။ သက်ထားသူဇာသည် အဆိုပါပြိုင်ပွဲတွင် (၃၂) ဦးအဆင့်မှစတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကမ္ဘာ့အဆင့် (၂၇၇) ရှိ ထိုင်းကြက်တောင်မယ် Tidapron Kleebyeesun နှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။