ကင်းမွန်ချဉ်စပ်လေး လုပ်စားကြမယ်😋😋😋

ပါဝင်ပစ္စည်း များ
-ကင်းမွန်(50) သား
-ကြက်သွန်နီ ကြီး (2)လုံး
-ပန်းငရုပ်ပွ(1)ခု
-ကြက်သွန်ဖြူကြီး (3)ဥ
-ဂျင်း လက်တဆစ်ခန့်

  • ဆော့စ့် (1)ဇွန်း
  • ခရမ်းချဉ်သီး (1)လုံး
  • ငရုပ်သီးစိမ်း (၇)တောင့်
    ပြင်ဆင်ပုံအဆင့်ဆင့်
    (1) ကင်းမွန် ကိုရေဆေး အခွံခွာပြီးမှင်ရည် လုံးလေးများနှင့်မျက်စိတို့ ကိုဓားဖြင့်အသာအယာ ခွဲထုတ်ဖယ်ထားပါ။
    (2)ပြီးလျှင် သံပုရာသီးဖြင့်ဆေးပြီး ရေစစ်အောင်အနည်းငယ်ညှစ် ထုတ်ပါ။ ထို့နောက် ကင်းမွန် ကိုချင်းအနည်းငယ် သံပုရာသီး(သို့) ရှာလကာရည် တို့ဖြင့် ခဏပြုတ်ပေးပါ။ အနံ ပျောက်ပြီးအဖြူရောင်ဖြစ်အောင် ပြုတ်ခြင်းဖြစ်ပါတယ်။
    ပြီးလျှင်ပြန်ဆယ် ထားပါ။အရောင်ဖြူဖြစ်စေရန်ရေအနည်းငယ်ဆေးပေးပါ။
    (3) ဆော့ (ကြက်သွန်ဖြူနှင့်ငရုပ်သီးဖတ်ပါသော)- ရှာလကာရည်(1) ဇွန်း -သကြား(၁)ဇွန်းသေး – ငံပြာရည် အနဲငယ် တို့ ကိုပန်းကန်လုံးထဲ ရောထည့်မွှေထားပါ။
    (4)ကြက်သွန်ဖြူနှင်ဂျင်းကိုထောင်းထားပါ။
    ကြက်သွန်နီကို အတုံးကြီးလေးများတုံးထားပါ။
    ခရမ်းချဉ်သီးနှင့်ငရုပ်ပွ တို့ ကိုလှီးဖြတ်ထားပါ။ ငရုပ်သီးစိမ်းကိုခြမ်းထားပါ။
    ချက်ပြုတ်ပုံ
    (၁) ဆီအိုးထဲသို့ ကြက်သွန်ဖြူနှင့်ဂျင်းထည့်ကာ ငရုပ်စိမ်းမှုန်တို့ဖြင့်ဆီသတ်၍ အနံ့မွှေးလာလျှင် ပြုတ်ထားသောကင်းမွန်ထည့်ပါ။အရသာမှုန့်အနည်းငယ်ထည့်ပါ။
    (၂) ကင်းမွန် အနဲငယ်နှူး သွားလျှင် ကြက်သွန်နီတုံးနှင့်ငရုပ်ပွတို့ ထည့်ကာ ဖျော်ထားသော ဆော့ ချဉ် ထည့်ပေးပါ။
    (၃)ကြက်သွန်နီတုံးလေးများ မကျက်ခင် ခရမ်းချဉ်သီးနှင့်ငရုပ်သီးစိမ်းလေးများထည့် ကာ အရသာ လိုသလိုထည့်ပါ။ ခရမ်းချဉ်သီးမကြေခင် မီးဖိုမှချပါ။
    စားခါနီချက်ခြင်းကြော် ပူပူနွေးနွေးသုံးဆောင်ပါ။
    မှတ်ချက်
    ကျွန်မကတော့ ကင်းမွန်ချက်လျှင်ဆားလုံးဝမသုံးပါ။
    ပြည်ကြီးငါး နှင့်ကင်းမွန်တို့မှာ သဘာဝအငံဓာတ်ရှိပြီးဖြစ်ပါတယ်
    ထို့ကြောင့် အငံအရသာ အနေဖြင့် ငံပြာရည်အချိုုအနည်းငယ်နှင့် ငါးအသားမှုန့်တို့မှအငံဓာတ်ဖြင့်သုံးထားပါတယ်
    သကြားပါသည့်အတွက် ချိုချဉ်စပ်လေးမို့ ထမင်းမြိန်စေမှာပါရှင်