နံနက်ခင်းမေတ္တာပို့

မင်္ဂလာနံနက်ခင်းပါ

၁။ လုံးစုံများစွာ ၊ သတ္တဝါ ၊
ချမ်းသာကိုယ်စိတ် မြဲပါစေ ။
ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊
ငြိမ်းအေးကြပါစေ။

၂။ ကြောက်တတ် မကြောက်တတ် ၊
နှစ်ရပ်များစွာ ၊ သတ္တဝါ ၊
ချမ်းသာကိုယ်စိတ် မြဲပါစေ ။
ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊
ငြိမ်းအေးကြပါစေ။

၃။ မြင်အပ် မမြင်အပ် ၊
နှစ်ရပ်များစွာ ၊ သတ္တဝါ ၊
ချမ်းသာကိုယ်စိတ် မြဲပါစေ ။
ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊
ငြိမ်းအေးကြပါစေ။

၄။ ဝေးနေ နီးနေ ၊
နှစ်ထွေများစွာ ၊ သတ္တဝါ ၊
ချမ်းသာကိုယ်စိတ် မြဲပါစေ ။
ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊
ငြိမ်းအေးကြပါစေ။

၅။ ဘဝဇာတ်ဆုံး ၊
မဆုံးများစွာ ၊ သတ္တဝါ ၊
ချမ်းသာကိုယ်စိတ် မြဲပါစေ ။
ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊
ငြိမ်းအေးကြပါစေ။

၆။ ရှည်-တို-အလတ် ၊
သုံးရပ်ခန္ဓာ ၊ သတ္တဝါ ၊
ချမ်းသာကိုယ်စိတ် မြဲပါစေ ။
ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊
ငြိမ်းအေးကြပါစေ။

၇။ ကြီး-ငယ်-အလတ် ၊
သုံးရပ်ခန္ဓာ ၊ သတ္တဝါ ၊
ချမ်းသာကိုယ်စိတ် မြဲပါစေ ။
ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊
ငြိမ်းအေးကြပါစေ။

၈။ ဆူ-ကြုံ-အလတ် ၊
သုံးရပ်ခန္ဓာ ၊ သတ္တဝါ ၊
ချမ်းသာကိုယ်စိတ် မြဲပါစေ ။
ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊
ငြိမ်းအေးကြပါစေ။

၉။ လူအချင်းချင်း ၊ လှည့်ပတ်ခြင်း ၊
ကင်းရှင်းကြပါစေ။

၁၀။ အထင်သေးခြင်း ၊ အချင်းချင်း ၊
ကင်းရှင်းကြပါစေ။

၁၁။ ဆင်းရဲလိုခြင်း ၊ အချင်းချင်း ၊
ကင်းရှင်းကြပါစေ။

လိုအင်ဆန္ဒများလဲ ပြည့်ကြပါစေ🙏🙏🙏