မတ်လ ၃၀ ရက်၊ ရခိုင်ပြည်နယ်တိုက်ပွဲသတင်းများ

မတ်လ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။ 💥💥💥💥💥💥💥

(ဘူးသီးတောင်)
ကြိမ်ချောင်း ဘုရားကုန်းအား ယနေ့ည ၇ နာရီခန့်က AA အကြမ်းဖက်အဖွဲ့မှ လက်နက်ကြီး/ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့သောကြောင့် ၁၀ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးအဖွဲ့များ၏ အပြင်းအထန်ပြန်လည်ခုခံတိုက်ခိုက်မှုကြောင့် သောင်းကျန်းသူများပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ နံနက်ပိုင်း ၂ နာရီခွဲခန့်က ကြိမ်ချောင်းနယ်မြေရုံအား AA အကြမ်းဖက်အဖွဲ့မှ အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အဆိုပါပစ်ခတ်သည့်နေရာများအား လက်နက်ကြီးများဖြင့် ပြန်လည်ချေမှုန်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရ။

(မြေပုံမြို့နယ်)
မြေပုံမြို့နယ်၊ စညင်းရွာအနီးရှိ တပ်စခန်းအား AA အကြမ်းဖက်အဖွဲ့မှ ဒရောဗုံးများဖြင့် လာရောက်တိုက်ခိုက်ခဲ့သောကြောင့် ဒရုန်းတက်သည့်နေရာများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြင်းပြင်းထန်ထန်လုပ်ဆောင်ခဲ့ကြောင်း သိရှိရ။ #Crd