မြင့်မြတ်တဲ့သူဖြစ်ချင်ရင်

ကိုယ်ကိုယ်တိုင် မြင့်မြတ်တဲ့သူ ဖြစ်ချင်ရင် မြင့်မြတ်တဲ့ စိတ်ဓာတ်ကို မွေးပါ။

မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ အဲဒီမြင့်မြတ်တဲ့ စိတ်နေသဘောထားတွေကို အခြေခံပြီးတော့

မြင့်မြတ်တဲ့ အလုပ်တွေကို လုပ်ပါ။
မြင့်မြတ်တဲ့အလုပ်တွေကို လုပ်ရင် ကိုယ်ဟာ ပိုက်ဆံမရှိဘူး။ မချမ်းသာဘူးဆိုနေပါစေ။
ရာထူးမကြီးဘူးဆိုလည်း နေပါစေ။

ကိုယ်ဟာ အောက်တန်းကျတဲ့ စိတ်နေသဘောထား ရှိတဲ့သူ မဖြစ်လို့ရှိရင်
ကိုယ်ဟာ မြင့်မြတ်သူပဲ ဖြစ်ပါတယ်ဆိုတဲ့

မြတ်စွာဘုရားရဲ့ အဆုံးအမတရားကို မှတ်သားနာယူပြီး

ကြာပန်းမှာ ကြာပင်တစ်ပင်လုံးမှာ ကြည့်လိုက်ရင်

ကြာပန်းဟာ အပြစ်ကင်းစင်တဲ့ သန့်စင်မွန်မြတ်တဲ့ အရာဖြစ်သလို

လူတွေမှာလည်းပဲ အမွန်မြတ်ဆုံးက မြင့်မြတ်တဲ့ စိတ်နေသဘောထားသာလျှင် ဖြစ်တယ်လို့

မြင့်မြတ်တဲ့ စိတ်နေသဘောထား ရခြင်းအားဖြင့်

ကိုယ့်ကိုယ်ကို ကြာပန်းသဖွယ် နှစ်သက်ဖွယ်ဖြစ်အောင် မြင့်မြတ်သူ ဖြစ်အောင်

သတိဆောင်ပြီးတော့ ကြိုးစားအားထုတ် နိုင်ကြပါစေကုန်သတည်း။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏