(၈) ကြိမ်မြောက်အဖြစ် ကျင်းပမည့် ၂၀၂၃ အာရှဖလားပြိုင်ပွဲကို ဇန်နဝါရီလ ၁၂ ရက်မှ စတင်ပြီး ဖေဖော်ဝါရီလ ၁၀ ရက်
အထိ ကာတာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ပြိုင်ပွဲကို အသင်း ၂၄ သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး လက်ရှိချန်ပီယံမှာ အိမ်ရှင် ကာတာအသင်းပင်ဖြစ်ပြီး ကာတာ-လက်ဘနွန်ပွဲနှင့်
စတင်မည်ဖြစ်ကြောင်းသိရပါတယ်။ ပြိုင်ပွဲဆုကြေးမှာ ဒေါ်လာ ၁၄.၈ သန်း ချီးမြှင့်မည်ဖြစ်ပြီး ချန်ပီယံ ဒေါ်လာ ၅ သန်း၊ ဒုတိယ ဒေါ်လာ ၃ သန်း၊ ဆီမီးဖိုင်နယ်ရောက် နှစ်သင်း ဒေါ်လာ ၁ သန်းစီနှင့် ပြိုင်ပွဲဝင် အသင်းအားလုံး ဒေါ်လာ ၂ သိန်းစီ ရရှိမည်ဖြစ်ကြောင်းသိရပါတယ်။ #Crd
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/01/photo_2024-01-12_16-04-44.jpg?resize=640%2C800&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/01/photo_2024-01-12_16-04-45-2.jpg?resize=640%2C800&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/01/photo_2024-01-12_16-04-45.jpg?resize=576%2C1024&ssl=1)