ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (GSI) က ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်နှင့် လိုက်လျောညီထွေရှိသဖြင့် မြန်မာနိုင်ငံအနေဖြင့် ထောက်ခံကြိုဆို

မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်နှင့် အခြေခံမူများကို လေးစားလိုက်နာလျက် ပိုမိုအေးချမ်းလုံခြုံပြီး သာယာဝပြောသည့် ကမ္ဘာနှင့် လူသားအားလုံးအတွက် အေးအတူပူအမျှ အသိုက်အဝန်းဖော်ဆောင်နိုင်ရေးတို့အပြင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား အစဉ်အလာရှိသည့် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာစေရန်၊ နှစ်ဦးနှစ်ဖက်အကျိုးရှိပြီး သာတူညီမျှရှိသည့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် နှစ်နိုင်ငံပြည်သူများ၏ လူမှုစီးပွားဘဝ အေးချမ်းသာယာဝပြောစေရန်တို့အတွက် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (GSI) ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် အခြားကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းဖော်ဆောင်သွားရန် ဆန္ဒရှိကြောင်း ဖော်ပြအပ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်..။