ဧပြီလ ၁၆ ရက်နေ့မှုခင်းသတင်းများ

-ဧပြီလ ၁၅ ရက် ၀၆၂၅ နာရီတွင် ကျုံပျော်မြို့၊ သဲကုန်းကျေးရွာတွင်နေထိုင်သော ဦးကျော်အောင်(၅၅)နှစ်သည် နေအိမ်မှ ဘုန်းကြီးကျောင်းသို့ ဥပုသ်စောင့်ရန် သွားရောက်စဉ် ဘုန်းကြီးကျောင်းရှေ့သို့ အရောက်၌ အကြမ်းဖက် PDF ကျား ၁ ဦးမှ ဆိုင်ကယ်တစ်စီးဖြင့် ဘုန်းကြီးကျောင်းရှေ့မှ စောင့်၍ ပစ္စတိုသေနတ်ဖြင့်  ၆ ချက်ပစ်ခတ်ခဲ့ပြီး ထွက်ပြေးသွားခဲ့ကြောင်းနှင့် ဒဏ်ရာရလူနာအား ဟင်္သာတ ပြည်သူ့ဆေးရုံသို့ လွှဲပြောင်း ပို့ဆောင်ခဲ့ကြောင်း သိရှိရ>

-ဧပြီလ ၁၅ ရက် ၀၆၃၀ နာရီတွင် နတ်မောက်မြိုနယ်၊ လက်ခုတ်ပင်အုပ်စု၊ လျှော်တောင်ကျေးရွာတွင် နေထိုင်သော ဦးဘိုထွန်း (၄၇)နှစ်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက် PDF ကျား ၃ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးဘိုထွန်းတွင် ဝဲနားထင်၊ ယာနောက်စေ့၊ ဝဲဘတ်ရင်အုံ၊ ယာနံကြား ကျည် ဖောက်ဝင်ဒဏ်ရာတို့ဖြင့် နေရာတွင် သေဆုံးခဲ့ကြောင်း သိရှိရ။

-ဧပြီလ ၁၅ ရက် ၁၅၀၀ နာရီတွင် တောင်သာမြို့နယ်၊ သံဘိုကျေးရွာနှင့် ဖိုးလကြီးတောရိုးကြား၌ အသက်(၃၅)နှစ်ခန့် (စိစစ်ဆဲ) ကျား ၁ ဦး သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ (စိစစ်ဆဲ) ကျား ၁ ဦးတွင် လည်ပင်း၊ လည်ဂုတ်ပြတ်ရှဒဏ်ရာ၊ ရင်ညွှန့်ထိုးသွင်းဒဏ်ရာတို့ဖြင့် သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သိရှိရ။

-ဧပြီလ ၁၅ ရက် ၂၁၂၀ နာရီတွင် ရေနံချောင်းမြို့နယ်၊ ဆည်ကျေးရွာတွင်နေထိုင်သော ဦးရာတင်(၅၁)နှစ်သည် နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် အကြမ်းဖက် PDF ကျား ၆ ဦးမှ ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ၄ ချက်ခန့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးရာတင်တွင် ပါးစပ်၊ ဝဲ/ယာရင်အုံ၊ ဝဲလက်ကောက်ဝတ် ကျည်ဖောက်ဝင်ဒဏ်ရာ များဖြင့် နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရ။