PDF အလင်းဝင် ၇၄၀ ကျော်ပြီ

အကြမ်းဖက်သမားများရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လက်မခံတဲ့ အကြောင်းအမျိုးမျိုးကြောင့် PDF အဖွဲ့များထံရောက်ရှိနေကြတဲ့ PDF အဖွဲ့ဝင်များဟာ အေးချမ်းစွာနေထိုင်လိုတဲ့အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးများမှတဆင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့တဲ့ အရေအတွက်ဟာ မေလ ၂၇ ရက်နေ့အထိဆိုရင် အမျိုးသား ၅၄၈ ဦး အမျိုးသမီး ၁၅၉ ဦး စုစုပေါင်း  ၇၄၃ ဦးရှိပြီလို့သိရပါတယ်။

နောက်ထပ်ဝင်ရောက်လာကြမယ့်သူတွေလည်းရှိသေးတယ်လို့သိရပြီး အခွင့်အရေးရတာနဲ့ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာချင်တဲ့သူတွေလည်း အမြောက်အများကျန်ရှိနေသေးတယ်လို့သိရပါတယ်။