မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷ကိုယ့်အစွမ်းနဲ့ ရပ်တည်ပါ🌷

မိဘအားကိုးပြီးတော့
ဘ၀ရပ်တည်နေတဲ့သူဟာ
မိဘမရှိတော့ရင် အဆင်မပြေနိုင်ဘူး ။

ဂရုစိုက်မယ့်သူတွေ အားကိုးနဲ့
ဘ၀ရှင်သန်နေတဲ့သူဟာ
ဂရုစိုက်တဲ့သူ မရှိရင်မနေတတ်ဘူး ။

ဖေးမမယ့်သူတွေ အားကိုးနဲ့
ဘ၀ကို လျှောက်လှမ်းနေတဲ့သူဟာ
အကူညီမဲ့သွားရင် မလွယ်တော့ဘူး ။

ကိုယ့်ရဲ့ဘ၀မှာ
ဘယ်သူမှ အမြဲတမ်းရှိနေပေးမှာ
မဟုတ်တဲ့ အတွက်ကြောင့်

ကိုယ့်ရဲ့လဲကျမှုတွေ နာကျင်မှုတွေ
အဆင်မပြေမှုတွေကို

ကိုယ်ပိုင်အစွမ်းနဲ့ ဖြေရှင်းနိုင်အောင်
လေ့ကျင့်ပြင်ဆင်ထားဖို့ လိုပါတယ် ။

အချိန်တန်ရင် အားလုံးဟာ
‌ထွက်ခွာ စွန့်သွားကြရမှာဖြစ်လို့

အထီးကျန်မှုလည်းကြုံတွေ့နိုင်သလို
ပြိုလဲမှုတွေလည်း ဖြစ်နိုင်ပါတယ် ။

တစ်ယောက်ထဲကျန်ရှိနေလည်း
အားကိုးရာ စိတ်‌စွမ်းအားတွေ

ကုသိုလ်တရားတွေ များနေမယ်ဆိုရင်
ကိုယ့်ဘ၀ဟာ ပုံမှန်ဖြစ်နေမှာပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏