PDFများက Droneဖြင့် Drop Bomb ပစ်ချတိုက်ခိုက်မှုကြောင့်ဘုန်းကြီးကျောင်းခေါင်မိုးပေါ်သို့ ကျရောက်ပေါက်ကွဲ

ဩဂုတ် ၁၆ ရက်၊ ချောင်းဦး
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ကံကြီးကုန်းကျေးရွာ၌
တပ်မတော်စစ်ကြောင်းမှ လုံခြုံရေးဆောင်ရွက်နေစဉ် နေရာ ၃နေရာမှ
အကြမ်းဖက်သူ ၁၀၀ ဦးခန့်မှ Drop Bomb များ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့်
အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်များ ကျေးရွာ၏ တောင်ဘက်နှင့်မြောက်ဘက်သို့ ဆုတ်ခွာသွားခဲ့ပါတယ်..
တိုက်ပွဲအတွင်း အကြမ်းဖက်သူများက Drone ၁ စီးဖြင့်
Drop Bomb ၂ လုံး ပစ်ချတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း၏ ခေါင်မိုးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး
အမိုးသွပ် ၂၀ ချပ်၊ မျက်နှာကြပ် ၂၈ ချပ် (ကာလတန်ဖိုးကျပ် ၁၁ သိန်းခန့်) ပျက်စီးခဲ့တယ်လို့ သိရပါတယ်။