OWIC ကဒ်ကို ရန်ကုန်တွင် ယနေ့မှစ၍နေ့ချင်းပြီးဆောင်ရွက်ပေးမည်

ပြည်ပသို မိမိအစီအစဉ်ဖြင့် သွားရောက်လုပ်ကိုင်မည့် ကျွမ်းကျင်လုပ်သားများနှင့် ခွင့်ပြန်အလုပ်သမားများအတွက် ပြည်ပအလုပ်အကိုင်လက်မှတ်(OWIC) ကို နေပြည်တော်ရုံးချုပ်သို လျှောက်ထားရန် မလိုအပ်တော့ဘဲ ရန်ကုန်တွင် နေ့ချင်းပြီးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အလုပ်သမားညွန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

ယင်းသို လုပ်ဆောင်ရခြင်းမှာ ပွဲစားများဖြင့် ဆောင်ရွက်မှုများကို ကာကွယ်တားဆီးနိုင်ရေးနှင့် အလုပ် သမားများ အချိန်ကုန်/ငွေကုန်မှုများ သက်သာလျော့နည်းစေရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။